မြန်မာရွှေ့ပြောင်း ကျောင်းသားတစ်ဦး ယာဥ်မတော်တဆဖြစ်ပြီး သေဆုံး

ဇန်နဝါရီ ၇ ရက်၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းတောင်ပိုင်း၊ ထပ်လမုတံငါရွာက မြန်မာရွှေ့ပြောင်း ကလေးငယ် ၃ ဦးကို ကားတိုက်မိလို့
တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ဟာ ထပ်လမုတံငါရွာ မြန်မာရွှေ့ပြောင်းကျောင်းက ပထမတန်းကျောင်းသား ဖြစ်ပါတယ်။
” ကလေးတွေက ပွဲစျေးတန်းကို စက်ဘီးနဲ့သွားကြတာ။ အနောက်က ကားကဝင်တိုက်လိုက်တာ။ ကလေးက ၃ ယောက်ပါ။ တစ်ယောက် လွင့်ထွက်သွားတယ်။ တစ်ယောက်က ဒဏ်ရအပြင်းအထန်ရပြီး ဆေးရုံတင်ထားရတယ်။ တစ်ယောက်ကတော့ သေသွားတယ်။ သေဆုံးသွားတဲ့ကလေးက အသက် ၈ နှစ်၊ ပထမတန်းမှာ တက်နေတာ။ စိတ်ထဲလည်း မကောင်းဖြစ်မိတယ်” လို့ ကျောင်းတာဝန်ခံ ဦးဝင်းနိုင်က Migrant Times ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်နဲ့ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ ကလေးငယ် နှစ်ဦးအတွက် နစ်နာကြေးကို ကားပိုင်ရှင်က တာဝန်မယူ​ပေးဘူးလို့လည်း သိရပါတယ်။
ကားပိုင်ရှင်ဟာ ထပ်လမုရွာခံ ထိုင်းလူမျိုးတစ်ဦးလို့ သိရပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်