မင်းအောင်လှိုင်ကို ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ဧပြီလ ၄ ရက်နေ့ကကျင်းပခဲ့သည့် BIMSTEC ထိပ်သီး အစည်းအဝေးတက် ရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၅ ရက်နေ့တွင် မြန်မာသံရုံးရှေ့၌ ထိုင်းလူငယ်အချို့က ဆန္ဒပြခဲ့သည်။

ထိုင်းအလုပ်သမားသမဂ္ဂများနှင့် မဟာမိတ်ကွန်ရက်ဝင်များပါဝင်သည့် လူငယ်အချို့က ‘မင်းအောင်လှိုင်’ ကို BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းကို ကန့်ကွက်ပြီး ထိုင်းနိုင်ငံအား ဆက်ဆံရေးအားလုံးကို ရပ်တန့်ရန်နှင့် နိုင်ငံတကာ အခမ်းအနားများတွင် ဂုဏ်ပြုခြင်း မပြုရန် တောင်းဆိုသည်။

ထိုင်းအစိုးရသည် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများကို ရက်စက်စွာ ဖိနှိပ်နေသည့် စစ်အာဏာရှင်အစိုးရကို ထောက်ခံခြင်းပင်ဖြစ်ကြောင်း ဆန္ဒပြသည့် ထိုင်းလူငယ်အချို့က သဘောထားထုတ်ပြန်သည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ဘန်ကောက်မြို့ ကုလသမဂ္ဂ UN ရုံးရှေ့၌ ထိုင်း Bright Future အဖွဲ့က စစ်ခေါင်းဆောင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။

ဌင်းဆန္ဒပြပွဲကိ ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ လာရောက်တားဖြစ်သည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ထိုင်း သတင်းအချို့တွင်ဖော်ပြသည်။

Photo – The Reporters

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *