September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်း ဆူနာမီပြတိုက်တွင် မြန်မာရွှေ့ပြောင်းကျောင်းသားများ လေ့လာ

သြဂုတ် ၁၄ – Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ​ဖန်ငခရိုင် ၊ တကွာပါတိုက်နယ် ၊ နန္မခင်းကျေးရွာတွင်ရှိသော ဆူနာမီ ပြတိုက်တွင်ယနေ့ (သြဂုတ်လ ၁၄ ရက်နေ့) နံနက်ပိုင်း၌ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED/ULC ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ၉ တန်း ကျောင်းသား၊ကျောင်းသူများက သွားရောက်လေ့လာခဲ့ကြသည်။

ထိုလေ့လာရေး ခရီးတွင် FED/ULC မှကျောင်းသား‌‌၊ကျောင်းသူ ၁၄ ဦးနှင့် ဆရာတစ်ဦးတို့ ပါဝင်ခဲ့သည်။ ဆူနာမီသမိုင်းကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုသိမြင်လာစေရန်၊ ဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများအား ကျောင်းသင်ခန်းစာအပြင် လက်တွေ့သင်ကြားမှုတစ်ရပ်အဖြစ်ပြသခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါသွားသည့် ဆရာတစ်ဦးကပြောသည်။

မှတ်တမ်းများအရ ၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌လှုပ်ခတ်ခဲ့သည့် ပြင်းအား ၉.၁ မှ ၉.၃ ရှိသည့် ငလျင်ကြီးကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဆူနာမီဖြစ်ပွားခဲ့သည်။

၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင်ထုတ်ပြန်သည့် Khao Lak Center reports အရ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂ဝဝ၄ ဒီဇင်ဘာလ ၂၆ ရက် ဆူနာမီကြောင့် နိုင်ငံခြားသားခရီးသည်နှင့်ဒေသခံ လူပေါင်း ၅,၃ဝ၉ ဦးသေဆုံးခဲ့ခဲ့သည်။ ဆူနာမီကြောင့် ၈,၄၅၇ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၃,၃၇ဝ ဦးပျောက်ဆုံးခဲ့ကြောင်း ခေါင်လပ်စင်တာကထုတ်ပြန်ခဲ့သည်။

ဖူးခက်မြို့၏ မြောက်ဘက် ၈ဝ ကီလိုမီတာခန့်အကွာရှိ Khao Lak (ခေါင်လပ်)ကမ်းခြေ ဒေသတွင် သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့သည်။ ဆူနာမီကြောင့် တကွာပါတိုက်နယ် ထပ်လမု ၊ ခေါဝ်လပ် ၊ နန္မခင်း၊ ဘန်နီးယားဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ချီသေဆုံးခဲ့သည်။

Photo – Migrant Times