September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းသက်ကြီးအမျိုးသမီးတစ်ဦး ဘတ် ၅ သိန်းနီးပါး လိမ်လည်တောင်းခံရ

စက်တင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် နေထိုင်သည့် အသက် ၈၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကောလ်စင်တာဂိုဏ်းတစ်ခု၏ ငွေကြေးလိမ်လည်တောင်းမှုကြောင့် ဘတ်ငွေ ၅၀၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

၎င်းအမျိုးသမီးသည် စက်တင်ဘာ ၃ ရက်နေ့တွင် ဘဏ်တွင် ဘတ် ၃.၅ သန်း အပ်နှံခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့တွင် ဘဏ်အက်ပလီကေးရှင်းမှတစ်ဆင့် ဘတ် ၄၀၀,၀၀၀ ၊ စက်တင်ဘာ ၅ ရက်ရက်တွင် ဘတ် ၃၀၀,၀၀၀ ၊ စက်တင်ဘာ ၈ ရက်နေ့တွင် ဘတ် ၃၀၀,၀၀၀ လွှဲပြောင်းပြီးနောက်တွင် ဘဏ်မှ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့သောကြောင့် ကောလ်စင်တာဂိုဏ်းတစ်ခု၏ ငွေကြေးလိမ်လည်တောင်းခံနေရကြောင်းသိရှိခဲ့သည်။

ထို့နောက် စက်တင်ဘာလ ၁၀ ရက်နေ့ညတွင် ရဲတပ်ဖွဲ့သည် ၎င်းအမျိုးသမီး၏ အိမ်သို့သွားရောက်ကာ ငွေကြေးလွဲပြောင်းခြင်းများ ထပ်မံ မပြုလုပ်ရန် သတိပေးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်းကဖော်ပြသည်။ ရဲများသည် အိမ်ရှေ့တံခါး သော့ခတ်ထားသည်ကို တွေ့ရှိခဲ့သည့်အတွက် အဘွားအိုကို ငွေများ ထပ်မံလွှဲမပေးရန်နှင့် ဖုန်းထဲတွင် သူမနှင့် စကားပြောနေသူများသည် လိမ်လည်သူများဖြစ်ကြောင်း အော်ဟစ်သတိပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အဘွားအိုက ရဲများအား မယုံကြည်ခဲ့ပဲ ၎င်းညတွင်ပင် ကောလ်စင်တာဂိုဏ်းတစ်ခု

ထံသို့ ဘတ် ၄၅၀,၀၀၀ ထပ်မံလွှဲပြောင်းခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သူမအား ထပ်မံဆက်သွယ်ခဲ့ပြီးနောက်တွင်စက်တင်ဘာလ ၁၃ ရက်နေ့၌ ဖရာခနောင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန်သဘောတူခဲ့သည်။ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးစင်တာ (AOC)နှင့် ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘတ် ၂.၅ သန်းကို ထိန်းချုပ်ကာ အဘွားအိုထံသို့ ပြန်လည်ပေးအပ်ခဲ့ပြီး လိမ်လည်ခံရသည့်ငွေများအနက်ဘတ် ၄၉၅,၀၀၀ ရရန်ကျန်ရှိနေသေးကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – The Nation

စက်တင်ဘာလ ၁၀ ရက်နေ့ည၌ ထိုင်းသက်ကြီးအမျိုးသမီးထံသွားရောက်ခဲ့သည့် ရဲတပ်ဖွဲ့။

#Migranttime

#ထိုင်း

#ဘန်ကောက်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes