September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၁ ဦး ကားတိုက်ခံရပြီးသေဆုံ

စက်တင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ချွန်ဘူလီမြို့တွင် နေထိုင်သည့် မြန်မာအလုပ်သမား ကိုစိုးတင့်သည် စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကားတိုက်ခံရပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း အမှုနှင့်ပတ်သက်ပြီးကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကို‌ပြောသည်။

ကိုစိုးတင့်သည် လမ်းဖြတ်ကူးချိန်တွင် တစ်ဖက်လမ်းမှ လာသည့် ကားက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက မြို့နယ်ဆေးရုံသို့ပိုဆောင်ခဲ့သော်လည်း စက်တင်ဘာလ ၁၆ ရက်နေ့ညတွင် သေဆုံးသွားခဲ့ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး ကျန်ရစ်ခဲ့သည့် ဆွေမျိုးများက အကူညီတောင်းခဲ့ကြောင်း WAG အဖွဲ့ကဆိုသည်။

“အခုလောလောဆယ်တော့ လိုက်ကူညီပေးနေတုန်းပဲ၊ အလုပ်ရှင်သူဌေးကလဲ လုပ်ငန်းခွင်မှာဆုံးတာမဟုတ်တဲ့အတွက်ကြတော့ သူဌေးဘက်ကလဲ မကြည့်ဘူးလေ ။ အဲ့ဒါကြောင့် အမှုကတော့ လုပ်နေတုန်းပဲရှိသေးတယ်” ဟု ကိုမုန်တိုင်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက် ညနေပိုင်းကလည်း ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် လမ်းလျှောက်နေသော မြန်မာအလုပ်သမား နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဓာတ်ပုံ – WAG

#Migranttime

#ထိုင်း

#မြန်မာ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes