September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ချင်းမိုင်ခရိုင် မယ်ကျန်မြို့နယ်တွင် ရေကြီး

စက်တင်ဘာ ၂၃ ၊ Migrant Times ။ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် မယ်ကျန်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၌မိုးသည်းထန်ခဲ့မူ ကြောင့် ယနေ့နံနက်တွင် မယ်ကျန် မြစ်ရေလျှံကာ လူနေအိမ်အများအပြားနစ်မြုပ်ခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် တွင် မယ်ကျန် မြစ်ရေလျှံကာ ရေကြီးမှုကြောင့် မယ်ကျန်မြို့နယ်၊ ချန်ခိန်းရပ်ကွက်ရှိ နေအိမ်များ၊ ကျောင်းများအပြင် လယ်ယာမြေများအထိ ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ချန်ခိန်းနှင့် ထဖာရပ်ကွက်ရှိ နေရာအချို့ ရေလွှမ်းမိုးခဲ့ပြီး မယ်ကျန်နယ်မြေ ကာကွယ်ရေးတပ်ရင်း ၇ မှ တာဝန်ရှိသူများနှင့်အတူ မယ်ဂျမ်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ကူညီမှုမျာပေးနေကြောင်း သတင်းကဖော်ပြသည်။ရေကြီးမူအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေကြုံလာပါက Mae Chaem မြို့နယ် အရေးပေါ် နံပတ် 1784 သို့ ဖုန်းခေါ်ဆိုနိုင် ကြောင်းမယ်ကျန်နယ်မြေအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ယနေ့နံနက် တောင်တရုတ်ပင်လယ်ပြင်တွင် တည်ရှိနေသော “ရာဂါဆာ” (RAGASA)တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းကာ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနကသတင်းထုတ်ပြန်ထားသည်။Photo – CM 108/ทศพล เผื่อนอุดม#Migranttime#မြန်မာ#ထိုင်း#thailandYouTube https://www.youtube.com/@migranttimesWebsite https://www.migranttimes.com/Telegram https://t.me/migranttimes