နိုဝင်ဘာ ၁၅ ၊ Migrant Times ။
– ထိုင်းနိုင်ငံ ၊ ကရာဘီခရိုင်၊ ပလိုင်းဖရား(Plai Phraya) မြို့နယ်ရှိ ကုမ္ပဏီတစ်ခုတွင် နိုဝင်ဘာလ ၁၄ ရက်နေ့၌ မြန်မာအလုပ်သမား ၃ ဦးသည် ဓာတုဗေဒတွင်း တစ်တွင်း(အိုး)ကို သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ရှူမိ၍ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံ ၊ လမ်ပန်းခရိုင် ၊ မူအောင်းမြို့နယ်၊လမ်းမကြီးအမှတ် ၁၁ တွင် ချင်းမိုင်းခရိုင်မှ လာသည့် ပစ်ကပ်ကားတစ်စီးပေါ်၌ လိုက်ပါလာသည့် အထောက်အထား မရှိသည့် ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအားဖမ်းဆီးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ လယောင်ခရိုင် ၊ဘန်းခိုက်မြို့ရှိ အပူပေးစက်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၁၄ ဦး၏ နစ်နာကြေး ဘတ် ၃ သိန်းကျော်(၃၆၄,၀၀၀)ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရရှိခဲ့ကြောင်း ကူညီခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ ပါကျင်ဘူရီတွင် သြဂုတ်လ ၁၂ ရက်နေ့ ည၇နာရီဝန်းကျင်ခန့်၌ ကိုကောင်းသန့် (အသက်၂၃နှစ်)နှင့် မကြည်မော်လွင် (အသက်၂၅နှစ်)တို့သည် ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ်
ကွန်တိန်နာ တင်ဆောင်လာသော တွဲကားယဉ်နှင့်တိုက်မိကာ သေဆုံးခဲ့ပြီး သူတို့၏ လျော်ကြေး ဘတ် ၁၂ သိန်း ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင် ၊ ဖက်ဖဒဲ့မြို့နယ် Singa Food ကုမ္ပဏီတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂ဝ၂ ဦး၏ နစ်နာကြေးများ FED နှင့် WAG အဖွဲ့၏ ကူညီမှုဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့က
ပြန်လည်ရရှိခဲ့ကြောင်း စက်ရုံမှ အလုပ်သမား ၁ ဦးက Migrant Times ကိုပြောကြားသည်။
