September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းပေးနေတဲ့ မြန်မာလုပ်သားတွေကိစ္စ မပြေလည်သေး

ထိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းပေးနေတဲ့ မြန်မာလုပ်သားတွေကိစ္စ မပြေလည်သေး

ဒီဇင်ဘာ ၂၆ ရက်၊ Migrant Times
  • မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးထောင်ကျော်ကို အလုပ်ရမယ်ဆိုပြီး ပွဲစားတွေရဲ့ လိမ်လည်ထားမှုကို ထိုင်းအစိုးရကိုယ်တိုင် ဝင်ရောက်ကိုယ်တွယ်ဖြေရှင်းနေပေမယ့် အခုချိန်ထိ အကြေအလည်ပြေလည်မှု မရှိသေးဘူးလို့ AAC(မဟာမိတ်အဖွဲ့) ဒါရိုက်တာ ဉီးခိုင်ကြီးက ဒီကနေ့မှာ Migrant Times ကို ပြောပါတယ်။လိမ်လည်ခံရတဲ့ အလုပ်သမားတွေက ထိုင်းအစိုးရရုံးရှေ့မှာ ထောင်နဲ့ချီစုဝေးပြီး တောင်းဆိုဆန္ဒပြခဲ့တာကြောင့် ဒီဇင်ဘာလ ၁၀ ရက်မှာ နာမည်ကြီး ပင်လယ်စာစက်ရုံက ထိုင်းအာဏာပိုင်တွေရှေ့မှာ ဒီအလုပ်သမားတွေကို ဒီဇင်ဘာလအတွင်းမှာ အလုပ်ခန့်အပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
  • “ အခုချိန်ထိ အလုပ်သမားက ၄၀၀ တောင်မပြည့်ဘူး အလုပ်ရတာက။ သူတို့တွေ ကတိပေးထားတာက တကယ့်ထိုင်းဘက်က အစိုးရပိုင်း တာဝန်ရှိသူတွေရှေ့မှာ လက်မှတ်ပါထိုးပြီး ကတိပြုထားခဲ့တာ။ အခုကျ အလုပ်သမားတွေက ဘာလုပ်ရမလဲ မသိဘူးဖြစ်နေတာပေါ့ ”လို့ ဉီးခိုင်ကြီးက ပြောပါတယ်။  ပင်လယ်စာ စက်ရုံဘက်က လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အလုပ်သမား ၁၂၀၀ ကို ခန့်အပ်ထားပြီး ကျန်ရှိနေတဲ့ အလုပ်သမား ၄၀၀၀ နီးပါးကို တစ်ရက် ၂၀၀      ဉီးစီနဲ့ ဒီဇင်ဘာလအတွင်း အလုပ်ခန့်မယ်လို့ ကတိပြုထားခဲ့ပေမယ့် အလုပ်သမား ၃၃၅၀ ဝန်းကျင်ဟာ အခုချိန်ထိ အလုပ်မရရှိသေးပါဘူး။
ဓာတ်ပုံ- Hla Khaing

Leave a Reply

Your email address will not be published. Required fields are marked *