September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဘန်ကောက်က လုပ်ငန်းခွင်ထိခိုက်ထားတဲ့ ကိုဝင်းနိုင်အတွက် ဗာရိုနီကာ ကူညီ

ဘန်ကောက်က လုပ်ငန်းခွင်ထိခိုက်ထားတဲ့ ကိုဝင်းနိုင်အတွက် ဗာရိုနီကာ ကူညီ

ဇန်နဝါရီ ၂၀ ရက်၊ Migrant Times
  • ဘန်ကောက်က ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှာ လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ခဲ့တဲ့ ကရင်နီ အလုပ်သမားကို ဆေးကုသနိုင်ဖို့အတွက် ကရင်နီ လက်ဝှေ့မယ် ဗာရိုနီကာ က အလှူငွေကောက်ခံပြီး ကူညီဖို့ကြိုးစားနေပါတယ်။ဗာရိုနီကာ က “ ဆောက်လုပ်ရေးပေါ်ဆန်းအလုပ်သမားတစ်ယောက် ငြမ်းပေါ်ကနေ ပြုတ်ကျပြီး သံခေါင်းပေါ်ကျလို့ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံတင်လိုက်ရတယ်။ ဆေးဝါးဖိုး လိုအပ်နေလို့ပါ။ သူရဲ့မိဘတွေလည်း စစ်ဘေးရှောင်နေရလို့ ငွေကြေးအလုံလောက်မရှိတဲ့အတွက် တတ်နိုင်သလောက် ဘတ် ၅၀ဖြစ်ဖြစ်၊ ၁၀၀ ဖြစ်ဖြစ် ပါဝင်ကူညီပေးကြပါလို့တောင်းဆိုချင်ပါတယ်။ ငါ့တို့လူမျိုး ငါတို့မကူညီရင် ဘယ်သူကကူညီမှာလဲ။ တတ်နိုင်သလောက် ကူညီကြရအောင် ” လို့ သူ့ရဲ့ ​လူမှုကွန်ရက်စာမျက်နှာကနေ တိုက်တွန်းထားပါတယ်။
  • လုပ်ငန်းခွင်ထိခိုက်ခဲ့တဲ့ အလုပ်သမားဟာ ကိုဝင်းနိုင်လို့ အမည်ရပြီး သူရဲ့ မိသားစုဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမှာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတာ ၃ လခန့် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်က ထိခိုက်မှုဖြစ်ခဲ့တာပါ။လက်ရှိမှာ ဉီးခေါင်းကို နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှု ခံယူထားတာကြောင့် သတိပြန်မရသေးပေမယ့် အသက်အန္တရာယ်တော့ မရှိတော့ဘူးလို့ သိရပါတယ်။ဆေးကုသစရိတ်အနေနဲ့ ဘတ် ၅ သိန်းဝန်းကျင်ကုန်ကျနိုင်တယ်လို့ သိရပါတယ်။ကိုဝင်းနိုင်ရဲ့ ဆေးကုသစရိတ်အတွက် တောင်ကိုရီးယားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကလည်း ဝိုင်းဝန်းကူညီမှုတွေရှိနေပါတယ်။                                                                                                                                                                           

Leave a Reply

Your email address will not be published. Required fields are marked *