နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ယခုနှစ်အတွင်း Work Permit နဲ့ ဗီဇာ သက်တမ်းကုန်မယ့်သူတွေ ပွဲစားတွေကို ငွေကြိုမပေးကြဖို့ သတိပေး

ယခုနှစ်အတွင်း Work Permit နဲ့ ဗီဇာ သက်တမ်းကုန်မယ့်သူတွေ ပွဲစားတွေကို ငွေကြိုမပေးကြဖို့ သတိပေး

ဇန်နဝါရီ ၂၅ ရက်၊ Migrant Times

ယခုနှစ်အတွင်း Work Permit နဲ့ ဗီဇာ သက်တမ်းကုန်ကြမယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် တိကျတဲ့ အမိန့်ညွှန်ကြားချက်တွေ မထွက်ရှိသေးတာကြောင့် သက်တမ်းတိုးဖို့အတွက် ပွဲစားကို အခကြေးငွေကြိုပေးတာမျိုး မလုပ်ဖို့ အလုပ်သမားအ​ရေး ကူညီတဲ့ အဖွဲ့တွေက သတိပေးထားပါတယ်။ယခင်က ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကိုပြန်ပြီး သက်တမ်းတိုးဖို့ခက်ခဲတာကြောင့် ထိုင်းနိုင်ငံအာဏာပိုင်တွေက အလုပ်လုပ်ခွင့် Work Permit ကို ၂ နှစ်သက်တမ်းတိုးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီ ၂ နှစ်သက်တမ်းတိုးဖို့အတွက် ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်သူတွေလည်း အကြုံးဝင်ပေမယ့် ၂၀၂၃ ခုနှစ်အတွက်တော့ တိကျတဲ့ ထုတ်ပြန်ကြေညာချက်တွေ မရှိသေးပါဘူး။ဒါကြောင့် လက်ရှိ CI လုပ်ဖို့အတွက် Work Permit သက်တမ်းတိုးရာမှာ ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်သွားသူတွေက ဖေဖော်ဝါရီလ ၁၃ ရက်မတိုင်ခင် 7/11 မီနီမားကတ်တွေက ငွေသွင်းကောင်တာတွေကတစ်ဆင့် သက်တမ်းတိုးထားဖို့လိုပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်