ထိုင်း-မလေးနယ်စပ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃ ဦးနဲ့ မလေးရှား ယာဥ်မောင်းတစ်ဦးဖမ်းမိ
ဖေဖော်ဝါရီ ၆ ရက်၊ Migrant Times
- မလေးရှားနဲ့ ထိုင်းနိုင်ငံနယ်စပ်၊ မလေးရှားပိုင် Bukit Kayu Hitam မှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ သူတို့ စီးနင်းလာတဲ့ကားကို မောင်းတဲ့ မလေးရှားယာဉ်မောင်း ၁ ဦးကို မလေးရှား အာဏာပိုင်တွေကဖမ်းဆီးမိခဲ့ပါတယ်။ဖေဖော်ဝါရီလ ၄ ရက်က ဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းပြီးနောက် မလေးရှားနိုင်ငံ ဥပဒေအရ အရေးယူဖို့ ဖေဖော်ဝါရီလ ၅ ရက်မှာ Bukit Kayu Hitam ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
- ၂၀၂၁ ခုနှစ်က စတင်ကာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာဖွေကြသူတွေ အရှိန်နဲ့မြင့်တက်လာခဲ့ပြီး လက်ရှိမှာတော့ ပြည်တွင်းက ပတ်စ်ပို့ရုံးတွေနဲ့ မလေးရှားနိုင်ငံက သံရုံးမှာလည်း ပတ်စ်ပို့သက်တမ်းတိုးဖို့အတွက် ပိတ်ထားတာကြောင့် တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ပိုမိုများပြားလာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဆိုပါတယ်။အဆိုပါ Bukit Kayu Hitam အပိုင်မှာရှိတဲ့ ရော်ဘာခြံတွေနဲ့ ကားလမ်းတွေမှာ ထိုင်းဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ မူးယစ်ဆေးတွေ မကြာခဏဖမ်းမိလေ့ရှိပါတယ်။