September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ပတ်စ်ပို့အခက်အခဲဖြေရှင်းပေးဖို့ ကိုရီးယားသွားမယ့်မြန်မာလုပ်သားတွေ အစိုးရအေဂျင်စီကို တောင်းဆို

ပတ်စ်ပို့အခက်အခဲဖြေရှင်းပေးဖို့ ကိုရီးယားသွားမယ့်မြန်မာလုပ်သားတွေ အစိုးရအေဂျင်စီကို တောင်းဆို

ဖေဖော်ဝါရီ ၁၁ ရက်၊ Migrant Times
  • လက်ရှိဖြစ်ပေါ်နေတဲ့ ပတ်စ်ပို့လုပ်မရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့သွားရောက်မယ့် အလုပ်သမားတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီဆီ အကူအညီတောင်းခံနေကြတယ်လို့သိရပါတယ်။မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့လဲလှယ်ဖို့၊ သက်တမ်းတိုးဖို့အရေးတကြီးလိုအပ်နေပေမယ့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က လုပ်ငန်းတွေ ရပ်နားထားတာကြောင့် အခက်အခဲတွေရှိနေကြတာလို့ဆိုပါတယ်။အဲဒါကြောင့် ဌာနဆိုင်ရာချင်းချိတ်ဆက်ဆောင်ရွက်ဖြေရှင်းပေးဖို့ EPSလုပ်သားတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ရဲ့ ဖေ့ဘွက်ခ်ပေ့အောက်မှာ မှတ်ချက်တွေရေးပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။
  • “တချို့ ထွက်ရဖို့က ကပ်နေပြီး ပတ်စ်ပို့သက်တမ်းကသိပ်မကျန်တော့ဘူး။ဒါတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ဝိုင်းပြောပေမယ့် အကြောင်းပြန်တာမရှိဘူး”ဟု EPSလုပ်သားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို အလုံးအရင်းနဲ့ဆက်တိုက်ခေါ်နေပေမယ့် ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပတ်စ်ပို့ပြုလုပ်မရတဲ့ပြဿနာကြောင့် ရေရှည်မှာထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်းအလုပ်သမားတွေကဆိုပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဟာ ဇန်နဝါရီလလယ်ကစလို့ ပတ်စ်ပို့ပြုလုပ်ပေးတဲ့လုပ်ငန်းအလုံးစုံကိုရပ်နားလိုက်တာဖြစ်ပါတယ်။အခုအချိန်အထိလည်း ပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမယ့်အစီအစဥ်ကိုအသိပေးထုတ်ပြန်တာမရှိသေးတာကြောင့် ပြည်ပသွားရောက်မယ့်သူတွေအခက်အခဲများစွာကြုံနေကြရတယ်လို့လည်းသိရပါတယ်။                 

Leave a Reply

Your email address will not be published. Required fields are marked *