September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းခံရ

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းခံရ

ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times
  • ပြည်ပအကိုင်ရှာဖွေရေးအေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ကြေညာပါတယ်။အဲဒီဌာနက အေဂျင်စီတွေအပေါ် နောက်ဆုံးအရေးယူထားမှုစာရင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အေဂျင်စီ ၇ ခုဟာ ခြောက်လကနေ တစ်နှစ်အထိ လိုင်စင်ပိတ်သိမ်းခံထားရတာလို့သိရပါတယ်။၂၀၂၂ ခုနှစ် ဇူလိုင်လမှာ Moe Moe Family General ကုမ္ပဏီက လိုင်စင်ခြောက်လပိတ်သိမ်းခံရပြီး ဒီနှစ် ဇန်နဝါရီလမှာတော့ အရေးယူခံရတဲ့ကာလပြည့်မြောက်ခဲ့ပါတယ်။
  • ယခင်နှစ် စက်တင်ဘာလမှာ Labour King ကုမ္ပဏီက လိုင်စင် တစ်နှစ်၊ နိုဝင်ဘာလမှာ Shwe Phyo Thar ကုမ္ပဏီက လိုင်စင် တစ်နှစ်နဲ့ အဲဒီလမှာပဲ Myanmar Shwe Yanant ကုမ္ပဏီက လိုင်စင် ခြောက်လပိတ်သိမ်းခံရပါတယ်။ဒီနှစ် ဇန်နဝါရီလမှာ Royal ABS ကုမ္ပဏီနဲ့ Top Choice Manpower ကုမ္ပဏီတို့က လိုင်စင် တစ်နှစ်စီနဲ့ Myint Myat Tan Khon ကုမ္ပဏီက လိုင်စင် ခြောက်လ ပိတ်သိမ်းခံရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။” အရေးယူခံရတဲ့ ကုမ္ပဏီအများစုက ထိုင်းနဲ့မလေးရှားကိုအလုပ်သမားပို့နေကြတာ။ ဘာကြောင့် အရေးယူခံရတယ်ဆိုတာတော့မသိဘူး ” လို့ အေဂျင်စီအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ဖို့ အေဂျင်စီ ၃၀၀ ကျော်ကို တရားဝင်လိုင်စင်ထုတ်ပေးထားတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့မှတ်တမ်းတွေအရသိရပါတယ်။                                                                                                                               

Leave a Reply

Your email address will not be published. Required fields are marked *