တောင်ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မနှစ်က စာမေးပွဲအောင်ထားသူ ထက်ဝက်ကျော် အခုထိ မသွားရသေး
ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက်သွားရောက်လုပ်ကိုင်ဖို့ မနှစ်က စာမေးပွဲအောင်မြင်ထားသူတစ်ဝက်ကျော်ဟာ အခုထိ သွားခွင့်မရသေးဘူးလို့ အဲဒီနိုင်ငံရှိ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။မနှစ်က သင်္ဘောကျင်းလုပ်ငန်းအတွက် E-7ဗီဇာနဲ့လုပ်ကိုင်ရမယ့် မြန်မာလုပ်သား ဦးရေ ၁၁၀ ခွဲတမ်းရရှိခဲ့ပေမယ့် ဦးရေ ၇၀ ဟာ သွားရောက်ခွင့်မရခဲ့ကြဘူးလို့ဆိုပါတယ်။” ကြားတာကတော့ မြန်မာဘက်က သွားရောက်ခွင့်ပိတ်ထားလို့ မထွက်ရတာလို့ သိရတယ် “လို့ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
- သင်္ဘောကျင်းလုပ်ငန်းအတွက် ခေါ်ယူတဲ့အလုပ်သမားဟာ ဝရိန်ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကို ပုဂ္ဂလိကအေဂျင်စီတွေ စေလွှတ်ခွင့်ရတဲ့လုပ်ငန်းအမျိုးအစားလည်းဖြစ်ပါတယ်။ဒီနှစ်မှာတော့ အဲဒီလုပ်ငန်းအတွက် မြန်မာနိုင်ငံကစေလွှတ်ခွင့်ရတဲ့ လုပ်သားဦးရေ ၅၀၀ ခွဲတမ်းရရှိထားပြီး ပုဂ္ဂလိကအေဂျင်စီ ၄ ခုက စေလွှတ်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။
- တောင်ကိုရီးယားနိုင်ငံဟာ G to G စနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကတစ်ဆင့် ဆောက်လုပ်ရေး၊ကုန်ထုတ်၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်သားတွေကို ခေါ်ယူနေပြီး သင်္ဘောကျင်းလုပ်ငန်းအတွက် ပုဂ္ဂလိကအေဂျင်စီတွေကတစ်ဆင့် လုပ်သားခေါ်ယူတာဖြစ်ပါတယ်။လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ၅၀၀,၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။