September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
စီးပွားရေး အလုပ်သမား သတင်း

အလုပ်လိုအပ်နေတဲ့စက်ရုံလုပ်သားတချို့ ပွဲစားခပေးကာ အလုပ်ရှာနေရ

အလုပ်လိုအပ်နေတဲ့စက်ရုံလုပ်သားတချို့ ပွဲစားခပေးကာ အလုပ်ရှာနေရ

မတ် ၁၁ ရက်၊ Migrant Times
  • အလုပ်လိုအပ်နေတဲ့စက်ရုံလုပ်သားတချို့ဟာ ပွဲစားခပေးပြီး အလုပ်ရှာဖွေနေရတယ်လို့ ကာယကံရှင်အလုပ်သမားတချို့ဆီက သိရပါတယ်။အလုပ်လက်မဲ့ဖြစ်နေလို့ အခက်အခဲဖြစ်နေကြတဲ့အလုပ်သမားတွေအနေနဲ့ အလုပ်အမြန်ရဖို့လိုအပ်နေတာကြောင့် အလုပ်သမားသွင်းပေးနိုင်မယ့်သူတွေဆီ ပွဲစားခပေးပြီး ဆက်သွယ်ဆောင်ရွက်နေကြရတာလို့ဆိုပါတယ်။”အလုပ်သေချာပေါက်ရဖို့ဆိုရင် တစ်ယောက်ကို ကျပ် ၅၀၀၀၀ လောက်အထိ စျေးပေါက်နေတယ်။ အင်တာဗျူးဝင်ရရုံလောက်ဆိုရင်တော့ အဲဒီလောက်မကျဘူး” လို့ ကိုယ်တိုင်အလုပ်ရှာနေသူတစ်ဦးက ပြောပါတယ်။
  • တချို့စက်ရုံတွေက ဝန်ထမ်းခေါ်တဲ့ကြေညာစာတွေထုတ်ထားပေမယ့် ပွဲစားခပေးသွင်းထားသူအများစုသာအလုပ်ရကြတာတွေရှိနေတယ်လို့လည်း အဲဒီအလုပ်သမားအသိုင်းအဝိုင်းထံက သိရပါတယ်။”အလုပ်လက်မဲ့တွေများတဲ့အပေါ်အခွင့်ကောင်းယူပြီးအဲဒီလိုစျေးကွက်တွေဖြစ်လာတာ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။ပြည်တွင်းကစက်ရုံတချို့ဟာ လွန်ခဲ့တဲ့၂နှစ်လောက်ကစပြီး ပိတ်သိမ်းတာ၊ဝန်ထမ်းအင်အားလျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ဦးရေက တိုးပွားနေတာဖြစ်ပါတယ်။ဒီနှစ်ထဲမှာ စက်ရုံနှစ်ရုံပိတ်သိမ်းလိုက်လို့အလုပ်သမား ၂၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပြီး အများစုကတော့အခုအထိအလုပ်ပြန်မရကြသေးဘူးလို့ အဲဒီအလုပ်သမားတချို့ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *