ရွှေ့ပြောင်းလုပ်သားတွေ ထပ်ခေါ်ဖို့ ထိုင်းအစိုးရ စီစဥ်

ရွှေ့ပြောင်းလုပ်သားတွေ ထပ်ခေါ်ဖို့ ထိုင်းအစိုးရ စီစဥ်
- လာအို ၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ရွေ့ပြောင်းအလုပ်သမားသစ်တွေ ထပ်မံခေါ်ယူဖို့ ထိုင်းအစိုးရက စီစဥ်နေပါတယ်။အိမ်နီးချင်း လေးနိုင်ငံကနေ အလုပ်သမားသစ်ခေါ်ယူဖို့ စာရင်း ထပ်မံလက်ခံမယ်လို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ထိုင်းနိုင်ငံရဲ့ အောက်ခြေသိမ်းအလုပ်သမား လိုအပ်ချက်အရ ပြည်ပကနေ အလုပ်သမားထပ်မံခေါ်ယူဖို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးမှာ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။