September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၉၆ ဦး ထိုင်းမှာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရ

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၉၆ ဦး ထိုင်းမှာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရ

ဧပြီ ၇ရက်၊ Migrant Times
  • ကန်ချနဘူရီရဲ့ Muang ခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၉၆ ဦးဟာ ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။အဲဒီရိုဟင်ဂျာတွေဟာ လူကုန်ကူးခံရတာမဟုတ်ဘူးဆိုရင် သူတို့ကို ပြည်နှင်ဒဏ်ပေးသွားမယ်လို့ လူကုန်ကူးတိုက်ဖျက်ရေးဌာန(ATPD)အရ သိရပါတယ်။ဆန်ခလာဘူရီခရိုင်မှတဆင့် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လာတဲ့အကြောင်း သတင်းပေးတိုင်ကြားချက်ရရှိလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရေးအဖွဲ့တွေထဲက တစ်ဖွဲ့ဟာ သံသယဖြစ်ဖွယ်လမ်းကြောင်းတစ်လျှောက် Muang ခရိုင်အတွင်းရှိ စိုက်ခင်းတစ်ခုမှာ အင်အားချထားခဲ့ပါတယ်။
  • စိုက်ခင်းထဲမှာ အတန်းလိုက်သွားနေတဲ့ ပစ်ကပ်ကားငါးစီးကို တွေ့ရှိအပြီး အာဏာပိုင်တွေဟာ အဲဒီိဧရိယာကိိုပတ်ဆို့လိုက်ပြီး ရှာဖွေဖို့အတွက် ရပ်ခိုင်းခဲ့ပါတယ်။ခရီးသည်လိုက်ပါခြင်းမရှိတဲ့ ဦးဆောင်ယာဥ်ရဲ့ ယာဥ်မောင်းက ထွက်ပြေးဖို့ ကြိိုးစားခဲ့ပြီး အခြားယာဥ်လေးစီိးမှာ အမျိုးသား ၇၆ ဦးနဲ့ အမျိုးသမီး ၂၀ ဦးတို့ကို တွေ့ရှိခဲ့ပါတယ်။ယာဥ်မောင်းအားလုံးဟာ ထိုင်းလူမျိုးတွေဖြစ်ပြီး သူတိို့ကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းဖို့ Muang ရဲစခန်းကို ခေါ်ဆောင်ခဲ့ပါတယ်။
  • လက်ရှိမှာ ရိုဟင်ဂျာတွေကို တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားပြီး လူကုန်ကူးမှုဂိုဏ်းရဲ့ သားကောင်တွေဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ လူမှုဖူလုံရေးနဲ့လူသားလုံခြုံရေးရုံးက အရာရှိတွေကိို စစ်ဆေးမေးမြန်းမှုမှာပါဝင်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှားသွားရောက်ဖို့အတွက် မြန်မာနိုင်ငံက ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀,၀၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။
ကိုးကား – Bangkok Post
(ကန်ချနဘူရီတွင် ဧပြီ၆ရက်က ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၉၆ဦးအား တွေ့ရစဉ်၊ဓာတ်ပုံ – ဘန်ကောက်ပို့စ်)

Leave a Reply

Your email address will not be published. Required fields are marked *