September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းရဲ့အလုပ်သမားပြတ်လပ်မှု ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မှီခိုနေရ

ထိုင်းရဲ့အလုပ်သမားပြတ်လပ်မှု ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မှီခိုနေရ

ဧပြီ ၂၀ရက်၊ Migrant Times
  • ထိုင်းနိုင်ငံရဲ့ ပြန်လည်ဦးမော့လာတဲ့ ခရီးသွားနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ ကာလရှည်ကြာလူအင်အားပြတ်လပ်မှုကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအများအပြားဖြည့်ဆည်းလုပ်ကိုင်နေရတယ်လို့ ထိုင်းလုပ်ငန်းရှင်များအဖွဲ့(ECOT)မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။ဒါဟာ အလုပ်သမားပြတ်လပ်မှုနဲ့ ဆုတ်ယုတ်သွားတဲ့နိုင်ငံ့စီးပွားရေးကြားမှာ ဖြစ်ပေါ်နေတာလို့ ECOT ဒုတိယဥက္ကဋ္ဌ Tanit Sorat က ဘန်ကောက်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ထိုင်းဘွဲ့ရပြီးစသူအများစုက အလွတ်တန်းအလုပ်တွေကို ရွေးချယ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။ တစ်ချိန်တည်းမှာ အဲဒီလိုရွေးချယ်ခြင်းက အချို့ကဏ္ဍတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ရရှိမှု ဘယ်လောက်အထိ မြင့်တက်လာတယ်ဆိုတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
  • “ထိုင်းဘွဲ့ရပြီးခါစသူအများစုက အချိန်ပြည့်အလုပ်တွေအပေါ် ရွေးချယ်တဲ့ပုံစံသိပ်မရှိတော့ပါဘူး။ အချို့အလုပ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေအပေါ် ပိုမိုမှီခိုနေရတယ်” လို့ Tanit က ပြောပါတယ်။အခုလိုအခြေအနေမှာ ထိုင်းနိုင်ငံဟာ ကျွမ်းကျင်လုပ်သားနဲ့ ကျွမ်းကျင်ဖို့မလိုတဲ့လုပ်သား ၅၀၀,၀၀၀ ခန့် ပြတ်လပ်ရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ကပ်ရောဂါကာလအတွင်း အလုပ်ထွက်သွားသူနဲ့ သူတိို့နေရပ်ပြန်သွားသူအများစုဟာ အလုပ်သမားစျေးကွက်အတွင်း ပြန်လည်ရောက်ရှိိမလာတော့ဘူးလိို့ သိရပါတယ်။
  • ကမ္ဘာ့စီးပွားရေးနှေးကွေးမှုလက္ခဏာမျိုးစုံရှိနေပေမယ့် နောက်ဆက်တွဲအလုပ်သမားပြတ်လပ်မှုက ဖြစ်ပေါ်လာပါတယ်လို့ Tanit က ပြောပါတယ်။အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တရုတ်တို့မှာ စီးပွားရေးနှေးကွေးတာကြောင့် ဒီနှစ်ပထမလေးလပတ်မှာ ထိုင်းနိုင်ငံရဲ့တင်ပို့မှုဟာ ပုံမှန်ထက်လျော့နည်းခဲ့တယ်လို့ အဓိကကုန်စည်ဝန်ဆောင်မှုပေးနေတဲ့ V-serve Group ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ Tanit က ပြောပါတယ်။ECOT ဟာ အလုပ်သမားတွေရဲ့ လစာတိုးမြှင့်ရေးနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒတွေကို အနီးကပ်စောင့်ကြည့်နေပြီး ဒီနှစ်ကုန်မှာ အကောင်အထည်ဖော်ဖို့ရှိတဲ့ လစာတိုးမြှင့်ရေးကတိကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ – ဘန်ကောက်ပို့စ်

Leave a Reply

Your email address will not be published. Required fields are marked *