September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

YFAအထည်ချုပ်စက်ရုံအမှု စက်ရုံဘက်က ရုံးချိန်း ထပ်မံပျက်ကွက်

YFAအထည်ချုပ်စက်ရုံအမှု စက်ရုံဘက်က ရုံးချိန်း ထပ်မံပျက်ကွက်

ဧပြီ ၂၆ ရက်၊ Migrant Times
  • YFAအထည်ချုပ်စက်ရုံကို အလုပ်သမားဖြစ်သူက တရားစွဲဆွဲထားတာနဲ့ပတ်သက်လို့ မနေ့က ခြောက်ကြိမ်မြောက်ခေါ်ယူတဲ့ရုံးချိန်းမှာ အလုပ်ရှင်ဘက်က တက်ရောက်တရားရင်ဆိုင်ဖို့ ထပ်မံပျက်ကွက်ခဲ့တယ်လို့ အဲဒီအလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။မူလက စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားရာကနေ စက်ရုံရဲ့လက်ရှိတာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုပြီး ခေါ်ယူတဲ့ရုံးချိန်းမှာ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။” တရားရုံးက ဆင့်ခေါ်စာကို စနေနေ့မှ သွားပို့တယ်လို့သိရတယ်။ ပိတ်ရက် အကြောင်းပြချက်နဲ့ ပျက်ကွက်တာလို့ယူဆရတယ် ” လို့ STUMမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • စက်ရုံအလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်ကို YFAစက်ရုံကအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်ပြီး အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ အခုလို တရားစွဲဆိုခံထားရပါတယ်။မူလက နာမည်တပ်တရားစွဲထားတဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်က ပြည်ပကို ရောက်ရှိနေလို့ဆိုပြီး တရားရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ငါးကြိမ်မြောက် ရုံးချိန်းမှာ တရားသူကြီး ခွင့်ပြုချက်နဲ့ လက်ရှိ စက်ရုံတာဝန်ယူထားသူကို ပြောင်းလဲတရားစွဲလိုက်တာလို့ STUMက ဆိုပါတယ်။အခု ခြောက်ကြိမ်မြောက်ရုံးချိန်းမှာလည်း စက်ရုံဘက်ကတရားရင်ဆိုင်ဖို့ ပျက်ကွက်တာကြောင့် တရားစွဲဆိုမှုကထူးခြားမလာသေးဘူးလို့ အဲဒီအဖွဲ့က သတထုတ်ပြန်ထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *