September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာလုပ်သားတွေ အုပ်စုဖွဲ့ပြီး ဆူညံစွာဆိုင်ကယ် မောင်းလို့ ထိုင်းလူမျိုးက သေနတ်ပစ်ဖောက်သတိပေး

ထိုင်းမှာ မြန်မာလုပ်သားတွေ အုပ်စုဖွဲ့ပြီး ဆူညံစွာဆိုင်ကယ် မောင်းလို့ ထိုင်းလူမျိုးက သေနတ်ပစ်ဖောက်သတိပေး

ဧပြီ ၂၇ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတို့ရဲ့ အုပ်စုဖွဲ့ဆိုင်ကယ် မောင်းသံကျယ်လောင်မှုကြောင့် ‌ထိုင်းလူမျိုးက မကျေမနပ်ဖြစ်ပြီး လေထဲ သေနတ်နဲ့ ပစ်ဖောက်သတိပေးခဲ့တယ်လို့ မွိုင်ချွန်ဖွန်းရဲစခန်းမှ ရဲမှူးကြီး Wannano Chitphiban ဆီက သိရပါတယ်။ထိုင်းနိုင်ငံ၊ ဟတ်ဖန်းခရိုင် ၊ မိုင်း ချွန်ဖွန်း ခရိုင်၊ ဖိစ်ကဆိစ်လမ်းနားမှာ မနေ့ည ၉ နာရီ အချိန်ခန့်က ဆယ်ကျော်သက် မြန်မာနိုင်ငံသား ၂ ဦးဟာ ကြိမ်ဖန်များစွာ အိမ်ရှေ့မှာ ဆိုင်ကယ်ကို မောင်းနှင်လာတာ အသံ ကျယ်လောင်တဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး အသံကျယ်ကျယ် မမောင်းဖို့ အိမ်ရှင်က သတိပေးခဲ့ပါတယ်လို့ ဆိုပါတယ်။ဆယ်မိနစ်လောက်အကြာမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀ ကျော်က မော်တော်ဆိုင်ကယ်တွေနဲ့ အိမ်ရှေ့တည့်တည့်မှာ ဆူညံစွာ မောင်းနှင်ကြတယ်လို့ ဆိုပါတယ်။
  • အိမ်ရှင်ထိုင်းလူမျိုးက လေထဲသို့ သေနတ် ပစ်ဖောက်ပြီး ဖုန်းနဲ့မှတ်တမ်းတင်ကာ ရဲကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။အဲဒီအမှုဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းလုပ်သားတွေဥပဒေနှင့် စည်းကမ်းချက်များကို လိုက်နာကြဖို့မွိုင်ချွန်ဖွန်း စခန်း ရဲမှူးကြီး ဝမ်နိုချစ် ဖီဘန်က အခုလို သတိပေးပြောဆိုပါတယ်။”ယနေ့မှစ၍ အလုပ်ရှင်များသည် ၎င်းတို့၏အလုပ်သမား ဝန်ထမ်းများအား တင်းကြပ်စွာ ကြီးကြပ်ကွပ်ကဲရမည်။ အခြားနေရာမှ အလုပ်သမားများစွာကို အတူတကွ စုရုံးရန် မပြုလုပ်ရ။ ခရီးသွားသည့်အခါ အလုပ်ရှင်ထံ အကြောင်းကြားရန်လိုအပ်သည့်အပြင် အလုပ်ရှင်မှ အရာရှိထံ အကြောင်းကြားရမည်။ တရားမဝင် ကားနှင့် မော်တော်ဆိုင်ကယ်များ မောင်းနှင်ခွင့် မပြုပါ။အလုပ်သမားသည့် တရားဝင်ယာဉ်မောင်းလိုင်စင်ရှိရမည်ဖြစ်ပြီး အလုပ်ရှင်များသည် ဥယျာဉ်အတွင်း တရားမဝင်အလုပ်သမားများကို အလုပ်ခေါ်ဆောင်ခြင်းမပြုရ။တိုင်ကြားလာပါက ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *