September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မလေးရှားအလုပ်အကိုင်စျေးကွက်မှာ လိမ်လည်ခံရတာတွေများနေ

မလေးရှားအလုပ်အကိုင်စျေးကွက်မှာ လိမ်လည်ခံရတာတွေများနေ

အရုဏ်ဦး၊ Migrant Times
  • မလေးရှား အလုပ်အကိုင်စျေးကွက်မှာ လိမ်လည်ခံရမူတွေများပြားလာနေတယ်လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီအသိုင်းအဝိုင်းထံက သိရပါတယ်။လိမ်လည်သူအများစုက ပွဲစားနဲ့ အဲဒီလုပ်သားစျေးကွက်နဲ့ နီးစပ်သူတွေဖြစ်ပြီး မလေးရှားကိုအမြန်သွားရောက်လုပ်ကိုင်လိုသူတွေကိုပစ်မှတ်ထားလိမ်လည်တာတွေရှိနေတာလို့ သူတို့ကဆိုပါတယ်။”တလောလေးကမှ အလုပ်သမား တစ်ရာကျော်အလိမ်ခံလိုက်ရသေးတယ်။ တစ်ယောက်ကို ၁၂သိန်းလောက်ပါသွားတယ်။ဘယ်မှလိုက်မရဘူး”လို့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
  • လိမ်လည်သူတွေဟာ မလေးရှားနိုင်ငံကို ဝန်ဆောင်ခတစ်ဝက်နဲ့ပို့ပေးမယ်၊အလုပ်ကောင်းတယ်၊ ကနဦး ငွေဘယ်လောက်သွင်းရမယ်ဆိုပြီး ယုံကြည်အောင်ဆွဲဆောင်မှုတွေလုပ်နေကြတာလို့ဆိုပါတယ်။သူတို့ဟာ ​ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ မြေပြင်မှာလိမ်လည်တာရှိသလို၊ ရုံးခန်းငှားရမ်းဖွင့်ပြီးလုပ်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။”အလုပ်သမားတွေအနေနဲ့ပိုက်ဆံသွင်းတဲ့အခါမှာသက်သေအထောက်အထားတွေစစ်ကြဖို့လိုတယ်။အစကတည်းက တရားဝင်အေဂျင်စီဟုတ်မဟုတ်စစ်ကြည့်ရမှာ။ အင်တာဗျူးဖြေစရာမလိုဘူး၊ ဝန်ဆောင်ခတစ်ဝက်လို့ပြောတာနဲ့လိမ်တာပဲ”လို့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
  • လိမ်လည်သူတွေဟာ ပတ်စ်ပို့ရုံးတွေ၊ အလုပ်အကိုင်သင်တန်းကျောင်းတွေမှာ ေ​​ခြရှုပ်နေတတ်ပြီး တောရွာတွေအထိ ဆင်းကာ စည်းရုံးတာတွေရှိတယ်လို့သူတို့ကဆိုပါတယ်။အဲဒီလိုလိမ်လည်သူတွေကလိမ်ပြီးရင်နေရာရွှေ့ဖျောက်သွားတတ်ကြပြီး အေဂျင်စီလိုင်စင်မရှိတာကြောင့် လိုက်ပြီးရှာဖွေဖမ်းဆီးအရေးယူဖို့ခက်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံက လုပ်သားအသစ်ခေါ်ယူမှုနည်းနေပြီးသွားရောက်လိုသူများနေတဲ့အပေါ်အခွင့်ကောင်းယူကာ လိမ်လည်မှုတွေများလာတာလို့လည်း သူက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *