တရားမ၀င် မြန်မာအလုပ်သမား ၃၃ ဦးနဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲက ဖမ်းဆီး
ခွန်သောမတ်စ်၊ Migrant Times
- ထိုင်းနိုင်ငံ ၊ Nakhon Ratchasima ပြည်နယ်၊ Pak Chong District Pak Chong ကျေးရွာအုပ်စု၊ မူထိ ၄ က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၃၃ ဦးနဲ့ အလုပ်ရှင်အား လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး Col. Monphob Ratanadilok Na Phuke ဦးဆောင်တဲ့ အဖွဲ့က မေလ ၁၀ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
- စစ်ဆေးမှုအရ မြန်မာနိုင်ငံသား အလုပ်သမား ၃၃ ဦးဟာ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့်လက်မှတ်မရှိတာကို တွေ့ရှိခဲ့ပြီး အလုပ်ရှင်က တရားမ၀င် နိုင်ငံခြားသားအား နေရာထိုင်ခင်းပေးခြင်းနဲ့ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်စေရန် ကူညီဆောင်ရွက်ပေးခြင်းကြောင့် Pak Chong District ရဲစခန်းမှာ အရေးယူ တရားစွဲမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး Col. Monphob Ratanadilok Na Phuke က ပြောပါတယ်။