September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

အချိန်ပိုခေါ်တာမဆင်းလို့ဆိုပြီး Xida Homeအထည်ချုပ်စက်ရုံ စူပါဖြစ်သူက အလုပ်သမားကို ထိုးကြိတ်

အချိန်ပိုခေါ်တာမဆင်းလို့ဆိုပြီး Xida Homeအထည်ချုပ်စက်ရုံ စူပါဖြစ်သူက အလုပ်သမားကို ထိုးကြိတ်

မေ ၂၃ ရက်
အရုဏ်ဦး၊ Migrant Times
  • ရွှေပြည်သာမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Xida Homeအထည်ချုပ်စက်ရုံမှာ အချိန်ပိုဆင်းဖို့ငြင်းဆန်တာကြောင့်ဆိုပြီးအလုပ်သမားနှစ်ဦးကိုစူပါဖြစ်သူကထိုးကြိတ်တဲ့ဖြစ်ရပ်ဖြစ်သွားခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။မနေ့က(မေလ ၂၂ ရက်) ညနေ မှာ OT (အချိန်ပို)တွေ ညလုံးပေါက်ခေါ်နေတာကို ဆင်းဖို့ငြင်းဆန်တဲ့အတွက်စူပါဖြစ်သူကအလုပ်သမားကို ထိုးကြိတ်ခဲ့တာ​ဖြစ်ပြီးဝင်ဆွဲတဲ့ဝိုင်းဆွဲတဲ့ နောက်အလုပ်သမားပါထိုးကြိတ်ခံရတယ်လို့ဆိုပါတယ်။”ထိုးကြိတ်ခံရပြီးတော့အလုပ်သမားကရဲစခန်းမှာအမှုဖွင့်ဖို့လုပ်တယ်။ဒီနေ့တော့ဘယ်လိုညှိလိုက်တယ်မသိဘူး။ အမှုပြန်ရုတ်သိမ်းလိုက်တယ်လို့ကြားတယ်”လို့ STUMမှတာဝန်ရှိသူကပြောပါတယ်။
  • အဲဒီလိုလုပ်ငန်းခွင်ထဲကိုယ်ထိလက်​ရောက်ကျူးလွန်ခံရ​ပြီးတဲ့​နောက်မှာစက်ရုံမှူးအနေနဲ့ ခံရတဲ့အလုပ်သမား နှစ်ဦးကို ဘယ်လိုနှစ်သိမ့်မှုမျိုးမှမပေးသလို ကျူးလွန်တဲ့စူပါဖြစ်သူကို ကိုအရေးယူမယ့်အရိပ်အယောင်လည်းမပြဘူးလို့အလုပ်သမားတွေကပြောတယ်ဆိုပြီး STUMက ထုတ်ပြန်ထားပါတယ်။ဒီနေ့မှာတော့ စူပါဖြစ်သူကိုအလုပ်က ထုတ်လိုက်ပြီဆိုပြီး ကျူးလွန်ခံရတဲ့အလုပ်သမားအမှုရုတ်သိမ်းဖို့စက်ရုံဘက်ကဖိအားပေးတာမျိုးတွေရှိခဲ့တယ်လို့ STUMမှတာဝန်ရှိသူကဆိုပါတယ်။ပြည်တွင်းကစက်ရုံတွေမှာ မတရားစေခိုင်းမှုတွေရှိနေသလို လုပ်ငန်းခွင်အတွင်းဆဲဆိုစေခိုင်းတာ၊ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေရှိနေတဲ့အပေါ်ဝေဖန်မှုတွေရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *