September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ကန်ချနပူရီမှာ မြန်မာလုပ်သား ၄၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီမှာ မြန်မာလုပ်သား ၄၉ ဦးဖမ်းဆီးခံရ

မေ ၂၅ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ အနောက်ဘက်၊ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာဖွန်မြို့နယ်၊ ထာနွန်းကျေးရွာ အုပ်စု၊ ထာနွန်းရွာအနီးက ကျွန်းပင်တောတွင်းမှာ ထိုင်းနိုင်ငံထဲ တရားမဝင်နည်းလမ်းနဲ့ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ကျွန်းပင်တောအတွင်း ပုန်းအောင်း နေတဲ့လူတစ်စုကို ဒေသခံ ထိုင်း ထောက်လှမ်းရေးက တွေ့ရှိပြီးအကြောင်းကြားတာကြောင့် နယ်မြေခံစစ်တပ်၊ရဲ ပူးပေါင်း အင်အား၂၀ ခန့်က အဆိုပါနေရာကို သွားရောက်စစ်ဆေးရာမှာအထောက်အထား မရှိတဲ့ မြန်မာ‌ အလုပ်သမား အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးရမိကြောင်း နယ်ခြားစောင့်တပ် ဒု ဗိုလ်မှူးကြီး ဝတ်ထယာချန်တမက်စ်က ပြောပါတယ်။
  • မြန်မာအလုပ်သမားတွေဟာ မော်လမြိုင် ၊ ရန်ကုန် ၊ ပဲခူး ၊ ရခိုင် စတဲ့နေရာတွေရ လာကြတာ​ဖြစ်​ပြီး အလုပ်သမားတစ်ဦးကို ဘတ်ငွေ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ သယ်ယူပို့ဆောင်ခ ပေးရပြီး စမွတ်စခွန်ပြည်နယ် ၊ လရောင်ပြည်နယ်၊ ကန်ချနပူရီပြည်နယ်နဲ့ ဘန်ကောက်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေစဉ် ထိုင်းအာဏာပိုင်များကဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။သူတို့ကို ထောင်ဖာဖွန်မြို့နယ်ရဲစခန်းက ဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူပြီး မူလနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်လို့ညသိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-mgronline

Leave a Reply

Your email address will not be published. Required fields are marked *