မဲဆောက်မှာ စစ်ဆေးဖမ်းဆီးမှုတွေပိုမိုတင်းကြပ်လာ

မဲဆောက်မှာ စစ်ဆေးဖမ်းဆီးမှုတွေပိုမိုတင်းကြပ်လာ
- ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူတွေကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ဆေးမှုတွေကို အရှိန်မြှင့်တင်ခဲ့တာဖြစ်ပြီး လက်ရှိမေလ ၂၁ ရက်နေ့မှာတော့ စက်ရုံတွေနဲ့ နေအိမ်တွေကိုပါဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။
- ဒါဟာ မဲဆောက်မှာရောက်ရှိနေတဲ့ တော်လှန်ရေး အင်အားစုတချို့ရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။လက်ရှိအခြေအနေမှာတော့ အဖမ်းခံရသူအများစုဟာ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ပေမယ့် စစ်ဆေးဖမ်းဆီးမှုအရှိန်ကတော့ လျော့ကျမသွားပါဘူး။ မဲဆောက်မှာ မြန်မာရွေ့ပြောင်းတွေနဲ့ နိုင်ငံရေးကြောင့် တိမ်းရှောင်နေရသူတွေ အများစုဖြစ်တာကြောင့် ယခုစစ်ဆေးမှုဟာ စိုးရိမ်ထိတ်လန့်ဖွယ်ရာတစ်ခုဖြစ်နေပါတယ်။