ဘတ်ထပ်မရိုက်ပေးတော့ဘူးဆိုတဲ့ သတင်းမှာ အတိအကျမှန်ကန်မှုမရှိသေး

ဘတ်ထပ်မရိုက်ပေးတော့ဘူးဆိုတဲ့ သတင်းမှာ အတိအကျမှန်ကန်မှုမရှိသေး

စကားဝါ
မေ ၂၇ရက်၊ Migrant Times
  • ထိုင်းနိုင်ငံရဲ့ အလုပ်သမားရေး ဝန်ကြီးဌာန အလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန၊ညွှန်ကြားရေး မှူးချုပ် Mr. ဖိုင်ကျို့ ချိုတစ်စထီယန်က Thairat TV နဲ့ တွေ့ဆုံစဉ်က လတ်တလောမှာ ပန်းရောင်ကဒ်(ဘတ်)ရိုက်ပေးဖို့ မရှိသေးဘူးလို့ ပြောကြားခဲ့တာကို မီဒီယာတချို့က “ဘတ်ရိုက်ပေးတော့မှာ မဟုတ်” ဆိုတဲ့ အဓိပ္ပ ာယ်ရတဲ့ သတင်းတွေဖြန့်ဝေခဲ့တာဖြစ်ပါတယ်။​ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခွင့်ရှိသူဟာ လွှတ်တော်နဲ့ ဝန်ကြီးချုပ်သာဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲပြီးသွားခဲ့ပေမယ့် အစိုးရမဖွဲ့ရသေးတာကြောင့် ဘာကိုမှ တိတိကျကျ ပြောကြားလို့ မရသေးတဲ့ အခြေအနေသာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ရှင်းပြပါတယ်။
  • “ ဒါတွေက ကောလာဟလတွေပါ။ ထိုင်းနိုင်ငံဟာ ရွေ့ပြောင်းလုပ်သား လိုကို လိုအပ်တဲ့နိုင်ငံဖြစ်တယ် ပြီးတော့ အခုတက်လာမယ့် အစိုးရကလည်း လူသာခြင်းစာနာထောက်ထားမှုကို အလေးထားတဲ့သူတွေဖြစ်တာကြောင့် ရွေ့ပြောင်းအလုပ်သမားတွေ ခက်ခဲမယ့် ကိစ္စတွေ ရှိလာမယ်မထင်ပါဘူး ” လို့ ရွေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN)က ဉီးအောင်ကျော်က ရှင်းပြပါတယ်။ထိုင်းရောက်မြန်မာရွေ့ပြောင်း အလုပ်သမားတွေအတွက် သတင်းအချက်အလက်တွေ တင်ဆက်ကူညီပေးနေတဲ့ ကူညီရာပေ့ချ်ကတော့ “ အလုပ်သမားဝန်ကြီးဌာန ညွှန်ချုပ်က လာမယ့် အင်္ဂါနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ လူသစ်များအတွက် Work Permit နဲ့ ပန်းရောင်ကဒ်လျှောက်ခွင့်ပေးရန်အတွက် တင်ပြပေးသွားဖို့ ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးရှိနေပါစေ၊ ညွှန်ချုပ်ရဲ့ အဆိုအရ ပြန်လည် ဖွင့်ပေးဖို့ ရှိ၊မရှိကို လာမယ့် အင်္ဂါနေ့မှာ ဒါမှမဟုတ် အဲဒီရက်ပတ်ဝန်းကျင်မှာ တရားဝင်ထုတ်ပြန်လာပါလိမ့်မယ်” လို့ အသိပေးထားပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်