September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဖူးကက်မှာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ငါးရှာထွက်တဲ့ မြန်မာတစ်ဦးသေဆုံး

ဖူးကက်မှာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ငါးရှာထွက်တဲ့ မြန်မာတစ်ဦးသေဆုံး

နိုင်/Migrant Times
  • ဖူးကက်ကျွန်းခရိုင်ဘက်မှာ မြန်မာအမျိုးသားတစ်ဦး လှေငယ်တစ်စင်းနဲ့ ဝမ်းစာအတွက် ငါးရှာထွက်ရာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုဒဏ်နဲ့ကြုံတွေ့ကာ နစ်မြှုပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒီ‌နေ့ မေလ ၃၁ ရက် ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင်ရဲ့ လာယမ်ကမ်းခြေအနားမှာ ကုစွန်ထမ်ဖူးကက်လူမှုကူညီရေးအသင်းက သေဆုံးအလောင်းတစ်လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး သေဆုံးသွားသူဟာ မြန်မာအမျိုးသားဖြစ်တယ်လို့ နီးစပ်ရာမှာရှိနေတဲ့ အမျိုးတွေက အတည်ပြုပေးခဲ့ပါတယ်။အဆိုပါသေဆုံးသူဟာ မနေ့ကတည်းက လှေတစ်စင်းနဲ့ ဖူးကက်ပင်လယ်ပြင်မှာ ငါးရှာထွက်ရာကနေ ရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ် သူ့အလောင်းကို ထလန်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားရှိတယ်လို့သိရပါတယ်။လတ်တလောမှာ ထိုင်းနိုင်ငံမိုးလေဝသဌာနက ပင်လယ်နဲ့ထိစပ်နေတဲ့ ရနောင်း၊ ဖန်ငါး၊ ဖူးကက်၊ သလန်နဲ့ စတူလ်ခရိုင်တွေမှာ မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၆ ရက်နေ့အထိ မိုးသက်လေပြင်းကျပြီး လှိုင်းရေကြီးမှုဖြစ်တဲ့ “မါဝါ” တိုင်ဖွန်မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Source : Phuket Times

Leave a Reply

Your email address will not be published. Required fields are marked *