အထည်အော်ဒါပြန်တက်လာလို့ လုပ်သားခေါ်ယူတာ များလာတယ်လို့ဆို
ဇွန် ၆ ရက်
အရုဏ်ဦး၊ Migrant Times
- ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ပြည်ပအပ်ထည်အော်ဒါတွေ ပြန်တက်လာတာကြောင့် လုပ်ငန်းတိုးချဲ့မှုတွေနဲ့အတူ လုပ်သားခေါ်ယူစုဆောင်တာတွေများလာတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အော်ဒါကျဆင်းလို့ဆိုပြီး အထည်ချုပ်လုပ်ငန်းတွေရပ်နားခဲ့တာတွေရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ အသစ်တိုးချဲ့ဖွင့်လှစ်တာတွေပြန်များလာနေတယ်လို့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။”ကျွန်တော်တို့ Brandတွေနဲ့ စကားပြောကြည့်တော့လည်း အော်ဒါအသစ်တွေထပ်ချပေးနေတယ်လို့ သိရတယ်။လုပ်ငန်းရှင်တချို့ဆီကလည်း အဲဒီမက်ဆေ့ရတယ်”လို့ မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
- အခုလို လုပ်ငန်းအသစ်တိုးချဲ့လာမှုနဲ့ပတ်သက်လို့ စာရင်းအတိအကျကိုတော့ မသိရသေးပေမယ့် မြေပြင်မှာလုပ်သားခေါ်ယူစုဆောင်းတဲ့စက်ရုံတွေများလာနေတယ်လို့လည်း အလုပ်သမားအရေးလူပ်ရှားသူတွေက ဆိုပါတယ်။ဒီလို လုပ်ငန်းတိုးချဲ့မှုတွေရှိလာတာဟာ အော်ဒါတိုးမြင့်လာမှုအပြင် မြန်မာနိုင်ငံမှာ နည်းပါးတဲ့လုပ်အားခနဲ့ အလုပ်သမားပေါများစွာ ခိုင်းစေနိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။”ဒီကာလမှာစျေးပေါပေါနဲ့ ခိုင်းလို့ရနေတာ လုပ်ငန်းရှင်တွေအကြိုက်ဖြစ်နေတယ်”လို့ သူကပြောပါတယ်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ထုတ်ပြန်ချက်အရ လက်ရှိမှာ နိုင်ငံတဝန်းအထည်ချုပ်စက်ရုံ ၈၀၀ ကျော်ဖွင့်လှစ်လည်ပတ်နေတယ်လို့ သိရပါတယ်။
(ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြတဲ့ စက်ရုံလုပ်သားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ – CJ)
