September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ ဦးဖမ်းဆီးခံရ

ထိုင်းနယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ ဦးဖမ်းဆီးခံရ

ဇွန် ၂၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ မြှောက်ပိုင်းဒေသ၊ ချင်းမိုင်ပြည်နယ်၊ ဟွစ်မြို့နယ်မှာ ထိုင်းနယ်စပ်က​ေန ထိုင်းနိုင်ငံထဲ ခိုး၀င်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီအလုပ်သမားတွေ လိုက်ပါလာတဲ့ကားကို စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာ စစ်ဆေးမခံဘဲ မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ၈ ဦး ဖမ်းမိခဲ့ပြီး ၉ ဦး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ တရားမ၀င် ‌ေရွှ့ပြောင်းလုပ်သား ၈ ဦးကို တရားဥပဒေအရ အရေးယူမှာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ၉ ဦးကို လိုက်လံဖမ်းဆီးနေကြောင်းသိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-pptvhd36.com

Leave a Reply

Your email address will not be published. Required fields are marked *