September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး

ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီးထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးငယ် ထားကာထွက်ပြေး

ဇူလိုင် ၅ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ဖလီယိုင်ရပ်ကွက်၊ Soi Chub Rung Rung လမ်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သားလင်မယား ရန်ဖြစ်ပြီး သူတို့ရဲ့ကလေးငယ်ကို ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ထားကာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားဟာ ငှားရမ်းထားတဲ့ အခန်းက ဆင်းလာကာ ရန်ဖြစ်စကားများပြီး အမျိုးသမီးက လမ်းကြားမှာ ပြေးထွက်သွားပြီး အမျိုးသားက အပေါ်ထပ် အခန်းသို့ ပြန်သွားကာ ခဏအကြာတွင် ဆင်းလာပြီး ကလေးချီလာကာ သူ့ကလေးမဟုတ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်ထံ အပ်ကာ ထပ်တူ ထွက်ပြေးသွားကြောင်း သိရပါတယ်။
  • ကုန်စုံဆိုင်ပိုင်ရှင် Mr. Panithan Amarikawin ဟာ ဘန် ရဲစခန်းကို အကြောင်းကြား အကူအညီ တောင်းခဲ့ရာ Ruam ka tan yu ဖောင်ဒေးရှင်းက ကလေးငယ်အား ပဏာမစောင့်လျှောက်မှုနဲ့ Bangplee ဆေးရုံသို့ ကျန်းမာရေးစစ်ဆေးရန် ခေါ်ဆောင်သွားကြောင်းသိရပါတယ်။ကလေး ဘေးကင်းရေး အခြေခံစောင့်လျှောက်မှုနဲ့ Samut Prakan ကလေးဂေဟာကို ပို့ဆောင်ကာ မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားအား ကလေးစွန့်ပစ်မှုနဲ့ ဥပဒေအရ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ကိုးကား-www.amarintv.com

Leave a Reply

Your email address will not be published. Required fields are marked *