နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းမှာ MoU ၄ နှစ်ပြည့် လာအို အလုပ်သမားများ ဇူလိုင်လ နောက်ဆုံးထား သက်တမ်း ပါမစ် လျှောက်ရမယ်

ထိုင်းမှာ MoU ၄ နှစ်ပြည့် လာအို အလုပ်သမားများ ဇူလိုင်လ နောက်ဆုံးထား သက်တမ်း ပါမစ် လျှောက်ရမယ်

ဇူလိုင် ၁၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းမှာ သက်တမ်း ၄ နှစ်ပြည့် MoU လာအို ရွှေ့ပြောင်းအလုပ်သမားများ အခု ဇူလိုင်လ နောက်ဆုံးထား မှတ်ပုံတင် ပါမစ်သက်တမ်းတိုးဖို့ Lopburi ပြည်နယ် အလုပ်အကိုင်ရှာဖွေရေးရုံးက ထုတ်ပြန် ညွန်ကြားထားပါတယ်။၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အလုပ်ခန့်ထားရေး လမ်းညွှန်ချက်များအား ထိုင်း အစိုးရ အဖွဲ့၏ ဆုံးဖြတ်ခဲ့ပြီး MOU နားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားများ အတွက် ပူးပေါင်းဆောင်ရွက်မှု (MoU) အရ ထိုင်းနိုင်ငံမှာ ဆက်လက် အလုပ်လုပ်ကိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။
  • လာအို ရွေ့ပြောင်း အလုပ်သမားများဟာ ဗီဇာ လုပ်ငန်းစဉ် (VISA) ကို ပြီးမြောက်ရန် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ MoU လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပြီး အလုပ်ရှင်များ၊ အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ Lopburi ပြည်နယ် အလုပ်အကိုင်ရှာဖွေရေးရုံး၊ အမှတ် 114 Moo 1၊ Phra Piya Road, Patan District, Muang Lopburi District, Lopburi Province Tel. 0-3642-2906 ext. 13, 08-6322-8113 or Facebook: Lopburi Provincial Employment Office ကို ဆက်သွယ်နိုင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်