September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဖမ်းဆီးခံထားရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ဆို

ဖမ်းဆီးခံထားရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ဆို

ဇူလိုင် ၁၈ ရက်
အရုဏ်ဦး၊ Migrant Times
  • လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ အခုထိ အဆက်အသွယ်မရသေးဘူးလို့ သူတို့နဲ့နီးစပ်သူတွေထံက သိရပါတယ်။ဇွန်လ ဒုတိယအပတ်က ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ဦး၊ လှုိင်သာယာမြို့နယ်ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂ ဦးနဲ့ အလုပ်သမားအရေးကူညီနေသူ Action Labor Rights မှ ၃ ဦးတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဆူပူဆန္ဒပြမှုဖြစ်အောင် လှုံ့ဆော်လို့ဖမ်းဆီးတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သူတို့ကိုဘယ်လိုအရေးယူထားတယ်ဆိုတာ အခုထိ မသိရသေးဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတချို့က ဆိုပါတယ်။
  • ” နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့တော့ ကြားနေရပေမယ့် အတိအကျ မသိရဘူး။ ဖမ်းဆီးခံရသူတွေနဲ့လည်းအဆက်အသွယ် လုပ်မရတော့ သူတို့အခြေအနေကိုသေချာမသိရဘူး ” လို့ ဖမ်းဆီးခံအလုပ်သမားတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။အဲဒီအလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခတိုးမြှင့်ပေးဖို့စက်ရုံအတွင်း တောင်းဆိုခဲ့ပေမယ့် ဆူပူမှုဖြစ်အောင် လှုံ ့ဆော်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။အလုပ်သမားဝန်ကြီးဌာနကလည်း အဲဒီအလုပ်သမားတွေကို လစာတိုးမြှင့်တောင်းဆိုလို့ ဖမ်းဆီးတာမဟုတ်ဘဲ တခြားအကြောင်းကိစ္စကြောင့် စစ်ဆေးနေတာဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။
  • ဘယ်လိုအကြောင်းကြောင့်ဆိုတာကို ရှင်းရှင်းလင်းလင်းမဖော်ပြထားတာကြောင့် အမှုဖွင့်ခံထားရခြင်းရှိ၊ မရှိမသေချာတဲ့ သဘော တွေ့ရတယ်လို့ အလုပ်သမားအရေးကူညီနေသူတွေက ဆိုပါတယ်။အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ကတော့ အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီးထားတာ လက်မခံနိုင်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံတွင် အလုပ်သမားအရေး တောင်းဆိုဆန္ဒပြစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *