September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

 တာ့ခ်ခရိုင်မှာ ယာဥ်တိုက်မှုဆိုးရွားစွာဖြစ်ပွားပြီး သေဆုံးသူတွေထဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်

 တာ့ခ်ခရိုင်မှာ ယာဥ်တိုက်မှုဆိုးရွားစွာဖြစ်ပွားပြီး သေဆုံးသူတွေထဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်

ဇူလိုင် ၂၀ရက်၊Migrant Times
  • ထိုင်းမြောက်ပိုင်း တာ့ခ်ခရိုင်မှာ ယာဥ်မတော်တဆမှုပြင်းထန်စွာဖြစ်ပွားခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦးသေဆုံးခဲ့ပြီး အခြား ၁၂ ဦးဒဏ်ရာရခဲ့ပါတယ်။ယာဥ်တိုက်မှုဟာ တာ့ခ်ရဲ့အဓိကလမ်းဆုံမြို့ Phahnyothin လမ်းမကြီးမှာ ဒီနေ့မနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ခြောက်ဘီးတပ် Isuzu ယာဥ်နဲ့ Toyota ပစ်ကပ်ယာဥ်တို့ တိုက်မိခဲ့တာပါ။ယာဥ်နှစ်စီးစလုံးဆိုးရွားစွာ ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများက အသက်ဆုံးရှုံးခဲ့သူများနဲ့ ဒဏ်ရာရသူတွေကို ကားအတွင်းက ဆွဲထုတ်ဖို့ ဖြတ်တောက်တဲ့ကိရိယာတွေကို အသုံးပြုခဲ့ရပါတယ်။ လေးဦးရဲ့ရုပ်အလောင်းတွေကို အခင်းဖြစ်ပွားရာ ကတ္တရာလမ်းပေါ်မှာ တွေ့ရပြီး တစ်ဦးကိုတော့ ပစ်ကပ်ယာဥ်အတွင်းက တွေ့ခဲ့ရပါတယ်။ ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ ပစ်ကပ်ယာဥ်ဟာ မြန်မာနိုင်ငံကဖြစ်ဖွယ်ရှိတဲ့ တရားမဝင်အလုပ်သမားတွေကို သယ်ယူပို့ဆောင်တာလို့ သိရပါတယ်။
  • Isuzu ယာဥ်မောင်းရဲ့ ထွက်ဆိုချက်အရ သူဟာ တာ့ခ်ခရိုင်မဲဆောက်ကို ဦးတည်မောင်းနှင်နေပြီး တစ်မှေးအိပ်ငိုက်သွားချိန်မှာ ပစ်ကပ်ယာဥ်ကို အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။တာ့ခ်မြို့ရဲစခန်းမှ အရာရှိတစ်ဦးက ပစ်ကပ်ယာဥ်ဟာ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာပြီး ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ဆီ မောင်းနှင်နေတာလို့ ပြောပါတယ်။ သေဆုံးသူတွေထဲက တစ်ဦးဟာ ပစ်ကပ်ယာဥ်မောင်းလို့ ယုံကြည်ရပြီး အသက် ၂၅ နဲ့ ၃၀ ကြားရှိပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပါတယ်။ ဒဏ်ရာရသူတွေကို ချက်ချင်းပဲ တာ့ခ်ခရိုင်ရှိ Somdet Phrachao Taksin Maharat ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Ref; Thaiger

Leave a Reply

Your email address will not be published. Required fields are marked *