September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

တိုင်းရင်းသား ကလေးတွေကို ကျောင်းတက်ခွင့် ရစေချင်တယ်

တိုင်းရင်းသား ကလေးတွေကို ကျောင်းတက်ခွင့် ရစေချင်တယ်

| သတင်းဆောင်းပါး |
ဇူလိုင် ၂၈ ရက်၊ Migrant Times
  • “ကျွန်တော်တို့က ကာယအားနဲ့ သုံးပြီး အလုပ်လုပ်ရတာ ပင်ပန်းတယ်။ သားသမီးတွေကို ကျွန်တော်တို့လို မပင်ပန်းစေချင်ဘူး။ ဒါကြောင့် ကလေးတွေကို ကျောင်းတက်စေချင်တယ်” လို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။တိုင်းရင်းသားကလေးငယ်များကို ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားခွင့်ရှိဖို့ ကူညီပေးမှုဖြင့် Thairath Wittaya School ကျောင်းအုပ်ဟာ တရားစွဲဆိုခံထားရပါတယ်။ထိုင်းနိုင်ငံ၊ အန်ထောင်ပြည်နယ်ရှိ Thairath Wittaya School ကျောင်းတွင် အသက် ၆ နှစ်မှ ၁၂ နှစ်ကြားရှိ ရွှေ့ပြောင်းကလေးငယ် ၁၂၆ ဦးကို ပညာသင်ခွင့် ပေးခဲ့သည်မှာ နှစ်အတော်အတန်ကြာခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့ မကြာသေးခင်ကမှ လူဝင်မှုကြီးကြပ်ရေး ဥပဒေ နှင့် လူကုန်ကူးမှုကိစ္စဟုဆိုကာ တရားစွဲခံရပြီး တရားရုံးချုပ်၏ ပြင်းထန်တဲ့ စီရင်ချက်ဖြင့် အရေးယူခံရကြောင်း သိရပါတယ်။
  • တရားစွဲခံရခြင်းမှာ ဖြူစင်သော မိမိ၏စေတနာအမှား ဖြစ်ကြောင်း၀န်ခံပြီး တိုင်းရင်းသား ကလေးငယ်များနှင့် နိုင်ငံမဲ့ ကလေးငယ်များကို ထိုင်းဥပဒေပြဌာန်းချက်ကို လိုက်နာပြီး ထိုင်း ID ကတ် မရှိသေးသော ကျောင်းသားများအတွက် G code ရရှိဖို့ လျှောက်ထားခြင်းဖြင့် ပညာသင်ကြားခွင့် လမ်းကြောင်းဖွင့်ကာ ကူညီခဲ့ကြောင်း Thairath Wittaya School ကျောင်းအုပ်ဟောင်းဖြစ်သူက ပြောပါတယ်။တရားမ၀င် တိုင်းရင်းသားရွှေ့ပြောင်းအခြေချသူများ၏ ကလေးငယ် ခေါ်ဆောင်လာမှုဖြင့် တရားစွဲခံရပြီး ဥပဒေအရ ကူညီပေးရန် ရှေ့နေများကောင်စီထံ Thai Rath Wittaya School ၏ ကျောင်းအုပ်‌ဟောင်းက တောင်းဆိုထားကြောင်း သိရပါတယ်။ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်တွင် ရှေ့နေများကောင်စီအဖွဲ့ ဥက္ကဌ ၊ အထွေထွေအတွင်းရေးမှူး ၊ ဥပဒေရေးရာ အထောက်အကူပြု ရှေ့နေအဖွဲ့ ၊ ကြေးမုံဖောင်ဒေးရှင်း ဒါရိုက်တာ တရားရေးဌာန အကြီးအကဲနှင့် အန်ထောင်ပြည်နယ်ရှိ Thairath Wittaya School ကျောင်းအုပ်ဟောင်း Kanlaya Thasom တို့ ပူးပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
  • တာဝန်ရှိ ဆရာ၊ ဆရာမတွေ၊ ကျောင်းကော်မတီ၊ ရွာသူကြီး အပါအ၀င် စုစုပေါင်း (၅)ဦးကို တရားမ၀င် နိုင်ငံခြားသားများ သယ်ဆောင်လာမှု နှင့်နေရာထိုင်ခင်း စီစဥ်ပေးမှုဖြင့် ထောင်ဒဏ် (၁၀)နှစ် နှင့် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ အထိ ပါမောက်မြို့မ ရဲစခန်းက အမှုဖွင့် တရားစွဲ အရေးယူထားတာကြောင့် ရှေ့နေများ ကောင်စီထံ အကူအညီတောင်းခံထားတာဖြစ်ပါတယ်။ဒီအချိန်မှာ နိုင်ငံမဲ့ တိုင်းရင်းသားကလေးတွေ ထိုင်းနိုင်ငံမှာ ပညာသင်ကြားခွင့် ရှိနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို လူတော်တော်များများက တွေးမိ စဥ်းစားမိကြမှာပါ။အဖြေကတော့ သင်ကြားခွင့် ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဥပဒေကြောင်းအရ မည်သူ မည်ဝါဖြစ်ကြောင်း အထောက် အထားရှိခြင်း၊ မရှိခြင်းနှင့် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာ ကလေးများအတွက် အခြေခံအခွင့်အရေးများကို ထိုင်းနိုင်ငံက အသိအမှတ်ပြုထားပါတယ်။
  • ၂၀၀၅ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ထိုင်းအစိုးရ ကက်ဘိနက် ဆုံးဖြတ်ချက်အရ ပညာရေး၀န်ကြီးဌာန ၏ လမ်းညွန်မှုအတိုင်း နိုင်ငံသား မှတ်ပုံတင် အထောက်အထား မရှိသော သို့မဟုတ် ထိုင်း နိုင်ငံသား မဟုတ်သူများ အတွက် ပညာရေး အခွင့်အလမ်း တိုးပေးမည် ဖြစ်ကြောင်း ပြဌာန်းထားပါတယ်။ မူလက အချို့သော အုပ်စုများ အတွက်သာ ကန့်သတ်ထားကြောင်း ဖော်ပြထားပါတယ်။ရွှေ့ပြောင်းအခြေချ ကလေးငယ်များအတွက် ပညာသင်ကြားခွင့် မရှိပါက ကလေးငယ်များ၏ အနာဂတ်အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်ကြောင်း အလုပ်သမားဘဝ အရည်အသွေးမြှင့်တင်ရေး ကွန်ရက်ဖောင်ဒေးရှင်းမှ သတင်း ထုတ်ပြန်ထားပါတယ်။”ကတ်မပါဘဲ ဘယ်လိုကျောင်းတက်မလဲ၊ ဘယ်လို နံပါတ်မျိုးကို သုံးမှာလဲ မေးစရာရှိ လာပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ၏ အခြေခံပညာရေး ကော်မရှင်ရုံး (OBEC) မှာ အထောက်အထားမဲ့ အခွင့်အလမ်းနည်းပါးသော ကလေးများအတွက် ဖောင်ပုံစံ G ဖြည့်ပြီး ကျောင်းတက်ခွင့်ပေးထားကြောင်း ” အလုပ်သမားဘဝ အရည်အသွေးမြှင့်တင်ရေး ကွန်ရက်ဖောင်ဒေးရှင်းက ပြောပါတယ်။
  • တိုင်းရင်းသားကလေးငယ်များ၏ ပညာသင်ကြားခွင့်အတွက် G code တင်သွင်းခြင်းဆိုင်ရာ ပညာရေးဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း Thairath Wittaya School ၏ ကျောင်းအုပ်ဟောင်းမှ ထွက်ဆိုထားပါတယ်။“အထောက်အထားမဲ့ စာရွက်စာတမ်းမရှိသည့်ဖြစ်စေ ကလေးငယ်များအားလုံးကို ကျောင်းတက် ပညာသင်ကြားခွင့် ရှိလာသည့်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ပြီး ပညာသင်ကြားခွင့်ရရှိသောကလေးငယ်များမှာ မူးယစ်ဆေးဝါးသားကောင် ဘ၀မှ လွတ်မြောက်ပြီး လူတော်လူကောင်းဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ထိရောက်စွာပံ့ပိုးကူညီပေးမှု ဖြစ်ကြောင်း Mirror Foundation မှ Siw nuk Soi thong က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *