နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းမှာ ကမ္ဘောဒီးယားအလုပ်သမားက မြန်မာအလုပ်သမားကို သေနတ်နဲ့ပစ်

ထိုင်းမှာ ကမ္ဘောဒီးယားအလုပ်သမားက မြန်မာအလုပ်သမားကို သေနတ်နဲ့ပစ်

ဩဂုတ် ၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ပထုမ်ဌာနီပြည်နယ်၊ လမ်လူးကာမြို့နယ်၊ခူခွတ်ရပ်ကွက်မှာ နေတဲ့ ရွှေ့ပြောင်း အလုပ်သမား အိမ်တန်းမှာ အလုပ်သမား အချင်းချင်း စကားများရာကနေ ကမ္ဘောဒီးယား အလုပ်သမားတစ်ဦးက မြန်မာအလုပ်သမားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။သေနတ်နဲ့ အပစ်ခံရတဲ့ မြန်မာနိုင်ငံသား ကိုကျော်ရဲအောင် အသက် ၂၉ နှစ်ကို Ruamkatanyu Foundation စေတနာ့ဝန်ထမ်းတွေက စစ်ဆေးကုသပြီး Pathum Thani ဆေးရုံကို အမြန်ပို့ဆောင် ကူညီပေးခဲ့ကြောင်း ခူခွတ်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ ဒုရဲမှူးကြီး Kansak Kongprasert က ပြောပါတယ်။
  • ” အလုပ်သမားကို လုပ်အားခ ထုတ်ပေးဖို့ ATM စက်ရှေ့မှာ ရပ်နေတုန်း သေနတ်သံ တစ်ချက်ကြားတယ်။ လှည့်ကြည့်လိုက်တော့ သစ်သား စားပွဲနားမှာ ဒဏ်ရာနဲ့ လဲကျနေတဲ့သူကို တွေ့လိုက်ပါတယ်။ ပစ်ခတ်သူက ကမ္ဘောဒီးယား ရွေ့ပြောင်းအလုပ်သမားပါ ” လို့ မျက်မြင်သက်သေ မစ္စ ကျုံရက်က ပြောပါတယ်။ဒဏ်ရာရသူနဲ့ ပြစ်မှုကျူးလွန်သူဟာ တစ်နေရာတည်းမှာ အလုပ်လုပ်နေကြပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ပြစ်မှုကျူးလွန်သူ အသက် ၃၅ နှစ်ရှိ မစ္စတာ တမ်နမ် ကမ္ဘောဒီးယားလူမျိုးကို ဥပဒေနဲ့အညီ ရှာဖွေ ဖမ်းဆီး အရေးယူမယ်လို့ ခူခွတ် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ ဒုရဲမှူးကြီး Kansak Kongprasert က ပြောပါတယ်။
ကိုးကား- www.khaosod.co.th

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်