September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ ကလေးငယ်တွေအတွက် Move Forward က လွှတ်တော်မှာ အဆိုတင်သွင်း

မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ ကလေးငယ်တွေအတွက် Move Forward က လွှတ်တော်မှာ အဆိုတင်သွင်း

Migrant Times
စကားဝါ၊ ဩဂုတ် ၁၁ ရက်
  • ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်က ထိုင်းရတ်ဝိထယာစာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ် ၁၂၆ ဉီးကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တဲ့ ကိစ္စကို သေသေချာချာ စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် Move Forward ပါတီက ကြိုးစားနေတယ်လို့ ဩဂုတ်လ ၁၀ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ပါတီအနေနဲ့ တရားဝင် အထောက်အထားမရှိတဲ့ ကလေးငယ်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ ပညာရေး လက်လှမ်းမီစေဖို့ အပါအဝင် ထိုင်းနိုင်ငံသားမဟုတ်တဲ့ ကလေးငယ်တွေအတွက် ပညာရေးစီမံခန့်ခွဲမှု လမ်းညွှန်ချက်များကို ထည့်သွင်းစဉ်းစားဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်မှာ မနေ့ကအဆိုတင်သွင်းခဲ့ပါတယ်။
  • “နေရပ်ပြန်ပို့ခံရတဲ့ မြန်မာကျောင်းသားကလေးငယ် ၁၂၆ ယောက်လုံး ထိုင်းနိုင်ငံမှာ စာပြန်သင်ကြားနိုင်ဖို့အတွက် Move Forward ပါတီကကူညီပေးသွားပါမယ်” လို့ ပါတီပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ဒါအပြင် ထိုင်းနိုင်ငံအတွင်းမှာ ပညာသင်ကြားနေတဲ့ နိုင်ငံခြားသားကလေးငယ်တွေကို ပညာသင်ကြားခွင့်အထောက်အထားတွေ ထုတ်ပေးနိုင်ဖို့လည်း လွှတ်တော်ကဆင့် အစိုးရကို အကူညီတောင်းခံသွားမယ်လို့ ဆိုပါတယ်။
  • လက်ရှိအချိန်မှာတော့ Move Forward ပါတီရဲ့ အန်ထော်ခရိုင် လွတ်တော်အမတ်ဉီးဆောင်တဲ့ အဖွဲ့က အချက်အလက်များစုဆောင်းလျက်ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ထိုင်းအစိုးရကထိုင်ရတ်ဝိထယာစာသင် ကျောင်းမှာ ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ် ၁၂၆ ဦးကို မြန်မာနိုင်ငံကိုပြန်ပို့ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ကန်လယာ ထာစုံမ်အပါအဝင် ဆရာ၊ဆရာမ ၅ ဦးကိုလည်း အမှုဖွင့်လှစ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *