နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ဖူးခက်ကျွန်းပြည်နယ် ကပ္ပလီပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေမှာ လူကုန်ကူးမှု စစ်ဆေး

ဖူးခက်ကျွန်းပြည်နယ် ကပ္ပလီပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေမှာ လူကုန်ကူးမှု စစ်ဆေး

ဩဂုတ် ၂၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကျွန်းပြည်နယ်ရှိ ကပ္ပလီ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေမှာ တရားမ၀င် ငါးဖမ်းလှေနဲ့ ငါးဖမ်းလုပ်သားတွေ ရှိ၊ မရှိ၊ လူကုန်ကူးမှု ရှိ၊ မရှိလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနက စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ကရဗီပြည်နယ်နဲ့ ဖူးခက်ကျွန်းပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနမှ တာ၀န်ရှိသူတွေက ရေကြောင်းငါးဖမ်းစစ်ဆေးရေးရေယာဉ်တွေနဲ့ ကပ္ပလီပင်လယ်ပြင်ကို သွားရောက်ကာ ငါးဖမ်းလှေ၊ ငါးဖမ်းလုပ်သားတွေကိုစစ်ဆေးခဲ့ပြီး ဆက်စပ်လုပ်ငန်းတွေ အားကောင်းဖို့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံးမှ အလုပ်အကိုင်အခြေအနေ အထူးကျွမ်းကျင် Ms. Chantra Pimthong က ပြောပါတယ်။
  • စစ်ဆေးခဲ့တဲ့ ငါးဖမ်းလှေ ၃ စင်းလုံးဟာ တရား၀င် မှတ်ပုံတင်ထားပြီး လှေပေါ်က အလုပ်သမားတွေဟာလည်း အလုပ်သမားစာချုပ်ရှိတယ်လို့သိရပါတယ်။အလုပ်သမားတွေကို လှေပေါ် အနားယူချိန် သတ်မှတ်ပေးတာကို တွေ့ရှိခဲ့ကြောင်း၊ လှေလုပ်သားတွေအတွက် ဘဏ်စာရင်းဖွင့်ပေးပြီး လုပ်ခငွေပေးချေမှု စာရွက်စာတမ်း​တွေ တွေ့ရှိကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သား အသုံးပြုမှု မရှိကြောင်း၊အဓမ္မလုပ်အားပေး ခိုင်းစေမှု မရှိကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။လှေမောင်း ဦးဆောင်သူ ထိုင်းနိုင်ငံသား ၈ ဦး၊ လှေလုပ်သား တရား၀င်မြန်မာအလုပ်သမား ၁၀၄ ဦး တွေ့ရှိခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား-www.naewna.com

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်