September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေက ပြည်တွင်းရှိပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်ခေါ်စာအတုလိမ်လည်ရောင်းချ

မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေက ပြည်တွင်းရှိပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်ခေါ်စာအတုလိမ်လည်ရောင်းချ

စက်တင်ဘာ ၃ ရက်
အရုဏ်ဦး၊ Migrant Times
  • မလေးရှားနိုင်ငံဘက်က အေဂျင်စီတွေက ပြည်တွင်းရှိပြည်ပအလုပ်အကိုင်အေဂျင်စီတွေကိုအလုပ်ခေါ်စာအတုလိမ်လည်ရောင်းချတာတွေ ရှိနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီဌာနက အသိပေးထားပါတယ်။ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ တင်ပြလာတဲ့ Demand Letter မှာပါရှိတဲ့ KSM Approval ပါလူဦးရေဟာ များပြားလွန်းနေလို့ မလေးရှားနိုင်ငံ တာဝန်ရှိသူတစ်ဦးကို စုံစမ်းခိုင်းရာ KSM Approval အတုဖြစ်နေတာကို စတင်တွေ့ရှိတာလို့ ဆိုပါတယ်။မလေးရှားနိုင်ငံရှိ တရားမဝင် အေဂျင်စီ ပွဲစားတွေက Quota အတုတွေပြုလုပ်ပြီး မြန်မာ ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် အေဂျင်စီတွေဆီ Demand လိမ်ရောင်းစားနေတယ်ဆိုတာ သိလိုက်ရတာလို့ အဲဒီဌာနရဲ့အသိပေးချက်မှာဖော်ပြထားပါတယ်။
  • Labour Market(အလုပ်သမားစျေးကွက်) အပေါ်မူတည်ပြီး အမြတ်ထုတ် လိမ်စားမယ့်သူ​တွေဟာ ပြည်တွင်းမှာသာမကဘဲ ပြည်ပကပါ လိမ်လာကြလို့ အေဂျင်စီ​တွေအနေနဲ့ သတိထားဆောင်ရွက်ဖို့လိုမယ်ဆိုပြီးလည်းသတိပေးထားပါတယ်။ပြည်ပအေဂျင်စီပွဲစားက လိမ်တာခံရတဲ့မြန်မာအေဂျင်စီဟာ အလုပ်သမားတွေဆီက ဝန်ဆောင်ခကြိုတင်ကောက်ယူထားပြီး ပြန်လည်ပေးဆောင်ခြင်းမရှိလို့ တိုင်ကြားခံရရင် လိုင်စင်ပိတ်ခံရမှာဖြစ်သလို အပြစ်နဲ့ ပိတ်ခံရတဲ့အေဂျင်စီဟာ Deposit ထားတဲ့ငွေလည်း ဆုံးရှုံးနိုင်တယ်ဆိုပြီး ဆက်လက်သတိပေးထားပါသေးတယ်။”နောက်ပိုင်းအလုပ်ခေါ်စာအတုနဲ့အလိမ်ခံရတဲ့ဖြစ်စဥ်တွေက မကြာခဏကြားလာရတာ။အေဂျင်စီတချို့ကတော့ဖုံးဖိဖြေရှင်းကြတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။အဲဒီလို အလုပ်ခေါ်စာအတုလိမ်လည်ခံရတဲ့အေဂျင်စီတချို့က အလုပ်သမားဆီကကြိုတင်ငွေရယူထားပြီး မပို့နိုင်သလို ငွေပြန်မအမ်းတဲ့ဖြစ်ရပ်တွေကြောင့် အလုပ်သမားတွေကြားဝေဖန်မူတွေရှိနေတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *