ထိုင်းနိုင်ငံမှာ လုပ်အားခတိုးဖို့ရှိပေမယ့်တစ်နိုင်ငံလုံး တစ်ပြေးညီ ၄၀၀ ဘတ် တိုးနိုင်မှာမဟုတ်
စက်တင်ဘာ ၁၆ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခ သတ်မှတ်မှုကို အလုပ်သမား ဝန်ကြီးဌာနနဲ့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် တွေ့ဆုံဆွေးနွေးအပြီး တစ်လအတွင်း အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားပြီး စက်မှုကဏ္ဍ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် တစ်နိုင်ငံလုံး ၄၀၀ ဘတ် တိုးနိုင်မှာ မဟုတ်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (F.T.I.) ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောပါတယ်။တစ်ရက်လုပ်အားခ ဘတ် ၄၀၀ တိုးပေးရင် စက်ရုံတွေ တိုးလာနိုင်ပြီး တစ်ရက်လုပ်အားခ ၃၂၈ ဘတ် ပေးဆောင်သော လုပ်ငန်းများအတွက် ကုန်ကျစရိတ် ၁၉ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပိုတိုးလာနိုင်ပြီး လုပ်အားခ ၃၅၄ ဘတ် ပေးဆောင်တဲ့ လုပ်ငန်းတွေအတွက် ကုန်ကျစရိတ်မှာ ၁၃ ရာခိုင်နှုန်း တိုးလာမှာဖြစ်ကြောင်း၊ လုပ်ခတိုးမြှင့်မှုအား ထည့်သွင်းစဉ်းစားရန် သုံးပွင့်ဆိုင် ယန္တရားကို အသုံးပြုသင့်ကြောင်း၊ ထိုင်း အစိုးရအနေနဲ့ လုပ်ခလစာ တိုးပေးမယ်ဆိုရင် ၂၀၂၃ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းကနေ၃ ရာခိုင်နှုန်းအထိ ရှိလိမ့်မယ်လို့ ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်ရှိ စက်မှုလုပ်ငန်း ၄၅ ခုမှာလုပ်ငန်း ၂၅ ခုခန့်ဟာ မြင့်မားတဲ့လုပ်အားခ ဘတ် ၆၀၀ ကနေ ၉၀၀ ပေးထားပြီး ကျန်တဲ့စက်မှုလုပ်ငန်း ၂၀ မှာတော့ ထိုင်းနိုင်ငံရဲ့အနိမ့်ဆုံး လုပ်ခလစာရရှိပါတယ်။
ကိုးကား-www.thaipbs.or.th
