September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

စက်ရုံတချို့မှာ သတ်မှတ်အလင်းရောင် မရတာ၊ ဆူညံသံ ပမာဏ ကျော်လွန်တာတွေ စစ်ဆေးတွေ့ရှိ

စက်ရုံတချို့မှာ သတ်မှတ်အလင်းရောင် မရတာ၊ ဆူညံသံ ပမာဏ ကျော်လွန်တာတွေ စစ်ဆေးတွေ့ရှိ

စက်တင်ဘာ ၂၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းက စက်ရုံတချို့မှာ သတ်မှတ်ထားတဲ့အလင်းရောင် မရတာ၊ ဆူညံသံ ပမာဏ ကျော်လွန်တာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။အဲဒီဌာနက ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေက စက်ရုံ၊ အလုပ်ရုံတွေရဲ့ ဆူညံသံနဲ့အလင်းရောင် ရရှိမှုတွေကို ကွင်းဆင်းစစ်ဆေးရာမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီမှုတွေကို တွေ့ရတာလို့ ဆိုပါတယ်။စစ်ဆေးမှု နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်ကနေ စက်တင်ဘာလ ၁၅ရက်အထိ စက်ရုံ၊ အလုပ်ရုံ ၂၃ ရုံရဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေကို တိုင်းတာခဲ့ရာ စက်ရုံ ၁၃ ရုံဟာ သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိတာ၊ စက်ရုံ ၄ ရုံဟာ သတ်မှတ် ဆူညံသံ ပမာဏထက် ကျော်လွန်နေတာ တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
  • အဲဒီမတိုင်ခင် ဇူလိုင်လ ၂၇ ရက်ကနေ ဩဂုတ်လ ၁၅ ရက်အထိ စက်ရုံ၊ အလုပ်ရုံ ၁၇ ရုံကို စစ်ဆေးရာမှာလည်း စက်ရုံ ၁၂ ရုံမှာ သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိတာ၊ စက်ရုံ ၁၀ ရုံမှာ သတ်မှတ်ဆူညံသံ ပမာဏထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။အဲဒီလိုသတ်မှတ်ချက်နဲ့ မညီတာကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့ စက်ရုံတွေကို လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နဲ့ အကြံပြုချက်တွေ ထုတ်ပြန်ခဲ့တယ်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်။” လက်ရှိ စက်ရုံအများစုက အဲဒီအချက်တွေမှ မဟုတ်ဘူး။ တခြား စည်းကမ်းသတ်မှတ်ချက်တွေပါ ကိုက်ညီမှု ရှိမနေတာ။ ဒါကို စစ်ဆေးအကြံပြုနေရုံနဲ့ကတော့ ထူးလာမှာ မဟုတ်ဘူး ” လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။လက်ရှိ ပြည်တွင်းမှာ တစ်ဆင့်ခံ လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံ ၇၀၀ ကျော်နဲ့ တခြားစက်မှုလုပ်ငန်းထောင်နဲ့ချီ ဖွင့်လှစ်လည်ပတ်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ- ပြည်တွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *