September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

Sunday​ကော်ဖီမစ်ထုတ်တဲ့စက်ရုံမှာ အလုပ်ရှင်ပေးဆောင်ရမယ့် လူမှုဖူလုံရေးထည့်ဝင်ကြေးကို အလုပ်သမားလစာထဲက ဖြတ်တောက်နေတယ်လို့ဆို

Sunday​ကော်ဖီမစ်ထုတ်တဲ့စက်ရုံမှာ အလုပ်ရှင်ပေးဆောင်ရမယ့် လူမှုဖူလုံရေးထည့်ဝင်ကြေးကို အလုပ်သမားလစာထဲက ဖြတ်တောက်နေတယ်လို့ဆို

အောက်တိုဘာ ၂ရက်
အရုဏ်ဦး၊ Migrant Times
  • လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ EVER SUNNY INDUSTRIALစက်မှု လုပ်ငန်းဆိုင်ရာ ရုံခွဲ Guiding Star Groupကုမ္ပဏီရဲ့စားသောက်ကုန် စက်ရုံမှာ အလုပ်ရှင်ဘက်ကပေးဆောင်ရမယ့် လူမှုဖူလုံကြေးတွေကို အလုပ်သမားရဲ့လစာထဲက ဖြတ်တောက်ခံနေရတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က ထုတ်ပြန်ပါတယ်။ဖူလုံရေးကြေးဖြတ်ရာမှာ အလုပ်သမားပေးရမယ့် ပိုက်ဆံရော အလုပ်ရှင်က ပေးရမယ့် ပိုက်ဆံကိုပါ အလုပ်သမားတွေက သွင်းပေးနေရလို့ အလုပ်သမားတွေက ဆက်သွယ်အကူအညီတောင်းလာတာလို့ FGWMက ဆိုပါတယ်။” လစာထဲမှ အလုပ်သမား ၂ ရာခိုင်နှုန်း ၂၈၈၀ ကျပ်နဲ့ အလုပ်ရှင် ၃ ရာခိုင်နှုန်း ၄၃၂၀ ကျပ် ကျွန်မတို့ အဖြတ်ခံနေရပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောတယ်လို့ FGWMရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
  • အဲဒီစက်ရုံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ခွင့်မပေးတာ နဲ့ လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်လာရင် တာဝန်ယူပေးခြင်းမရှိတာ ၊ အလုပ်သမား​တွေကို နေ့စားလရှင်း အမည်တပ်ပြီး အလုပ်သမားတွေရရှိမယ့် အခွင့်အရေးတွေဖြစ်တဲ့ ရှောင်တခင်ခွင့် ၊ လုပ်သက်ခွင့် ၊ ဆေးခွင့် ၊မီးဖွားခွင့် ၊ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး အစရှိတဲ့ ခံစားခွင့်တွေ မပေးတာမျိုးတွေရှိနေတယ်လို့လည်း ဆိုပါတယ်။စက်ရုံအတွင်း နေ့စားလရှင်းကို အေဂျင်စီကနေတစ်ဆင့်အလုပ်လုပ်ကိုင်နေရသူတွေရှိ​ပြီး အဲဒီလုပ်သား​တွေဟာလုပ်ခလစာအပြည့်အဝမရရှိဘဲ လစဉ်အေဂျင်စီကရတဲ့ငွေပမာဏကိုလည်းဖြတ်ခံရတာလည်းတွေရှိတယ်လို့လည်းဖော်ပြထားပါတယ်။အဲဒီစက်ရုံမှာ လူဦးရေ ၃၀၀ ကျော် ဖြင့် လည်ပတ်နေတာ​ဖြစ်ပြီး ပြည်တွင်းနာမည်ကြီးစားသောက်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Shalalaသကြားလုံး ၊Sundayနှပ်ဖျော် ၊Richကော်ဖီမစ်၊ Grand Palaceကော်ဖီမစ်တံဆိပ် တွေကို ထုတ်လုပ်နေတာလို့သိရပါတယ်။”စက်ရုံအတွင်း အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများထပ်မံပြု လုပ်ပါကဆက်လက်ဖော်ပြပေးသွားပါမည်” လို့ FGWMက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *