September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မလေးရှားနိုင်ငံအနှိပ်ခန်းတစ်ခုမှာ မြန်မာနိုင်ငံသား ​၆ ဦးအပါအဝင် နိုင်ငံခြားသားတချို့ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံအနှိပ်ခန်းတစ်ခုမှာ မြန်မာနိုင်ငံသား ​၆ ဦးအပါအဝင် နိုင်ငံခြားသားတချို့ ဖမ်းဆီးခံရ

အောက်တိုဘာ ၆ ရက်
အရုဏ်ဦး၊ Migrant Times
  • မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ အနှိပ်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းက ဝင်ရောက်စီးနင်းရာမှာ မြန်မာနိုင်ငံသား ၆ ဦးအပါအဝင် အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားတချို့ ဖမ်းဆီးခံရတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။မလေးရှားနိုင်ငံမှာ အော်ပရာစီဖမ်းဆီးမှုတွေ ခပ်စိတ်စိတ်ပြန်လည်လုပ်ဆောင်လာရာမှာ မြန်မာရွှေ့ပြောင်းတွေ ဖမ်းဆီးခံရမှုတွေရှိလာတာ ဖြစ်ပါတယ်။ဒီနေ့မနက်ဖမ်းဆီးမှုမှာ မြန်မာနိုင်ငံသားအမျိုးသား၃ ဦး၊အမျိုးသမီး ၃ ဦး အပါအဝင် အထောက်အထား မပြည့်စုံတဲ့ ထိုင်း အမျိုးသား ၁ ဦး၊ ထိုင်း အမျိုးသမီး ၉ ဦး၊ အင်ဒိုနီးရှား အမျိုးသား ၄ ဦး၊ အင်ဒိုနီးရှား အမျိုးသမီး ၁၁ ဦး၊ဗီယက်နမ် အမျိုးသား ၁ ဦး ထိန်းသိမ်းခံရတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
  • “မလေးရှားသတင်းတွေမှာတော့ တက်လာတာတွေ့တယ်။ ဒီရက်ပိုင်းက အဖမ်းအဆီးတွေများနေတော့မြန်မာတွေအဖမ်းခံရတဲ့သတင်းတွေကမကြာခဏတွေ့လာရတယ်”လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။မလေးရှားနိုင်ငံမှာ အော်ပရာ စီမံချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနိုင်ငံသား ၁၀၀ နီးပါး ဖမ်းဆီးခံရသေးတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာအသိုင်းအဝိုင်းထံကသိရပါတယ်။အခုလို အထောက်ထားမဲ့ နို​​င်ငံခြားသားတွေကို ဖမ်းဆီးမှုပြန်လုပ်လာတာကြောင့် သတိထားနေထိုင်၊သွားလာကြဖို့ကို မြန်မာလူမှုအဖွဲ့တွေကလည်း သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *