September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

တောင်ကိုရီးယား​ရောက်မြန်မာလုပ်သားတစ်ဦးအဆုံးစီရင်

ဒီဇင်ဘာ ၁၃ရက်၊အရုဏ်ဦး
တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးဟာ ဒီဇင်ဘာ ၁၂ရက်ညက ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ အဲဒီနိုင်ငံက မြန်မာလူမှုအဖွဲ့တွေဆီက သိရပါတယ်။
​သေဆုံးသူဟာ အသက်(အသက်၂၀)အရွယ် ကိုညီညီဇော်ဆိုသူဖြစ်ပြီး ကိုရီးယားနိုင်ငံ ချွန်နမ် ပြည်နယ်၊ အာဆန်မြို့ရှိစက်ရုံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ဆိုပါတယ်။
ကိုညီညီဇော်ဟာ ည ၉နာရီအချိန်အထိ အချိန်ပို ဆင်းပြီးနောက် မိမိအခန်းကို မပြန်လာလို့ အခန်းအတူနေ မြန်မာသူငယ်ချင်းက လိုက်လံစုံစမ်း ရှာဖွေရာ သူအလုပ်လုပ်ကိုင်နေတဲ့ နေရာမှာ မိမိကိုယ်ကို အဆုံးစီရင်ထားတာကို တွေ့ရှိခဲ့ရတာလို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့ဘွက်လူမူကွန်ရက်မှာ ရေးသားထားပါတယ်။
“မြန်မာလုပ်သားများက စက်ရုံတာဝန်ရှိသူများထံ ဖုန်းဆက်အကြောင်းကြားပြီးနောက် စက်ရုံကို ရောက်လာပါတယ်။ ရဲစခန်းကို ဖုန်းဆက် တိုင်ကြားလိုက်ရာ ရဲဝန်ထမ်းများ ရောက်လာပြီး အလောင်းကို စစ်ဆေးပြီး အအေးခန်းကို ပို့လိုက်ပါတယ်”လို့ ကိုဇော်မိုးအောင်က ရေးထားပါတယ်။
တာဝန်ခံရဲဝန်ထမ်းက အလောင်းကို ထပ်မံ စစ်ဆေးပြီးနောက် သင်္ဂြိုဟ်ခွင့်ပြုတဲ့အခါ နာရေးကိစ္စကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ကိုညီညီဇော်ဟာစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကလာရောက်သူဖြစ်ပြီး ကိုရီးယားကို ရောက်တာ ၇လ လောက်သာ ရှိသေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *