September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းစက်ရုံမှာ အလုပ်မရလို့ မြန်မာလုပ်သား ၁၀၀ နီးပါး ဆန္ဒပြ

နိုဝင်ဘာ ၂၂ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ Muang ပြည်နယ်က စက်ရုံမှာ အလုပ်ရဖို့ ပွဲစားကို ငွေပေးခဲ့ပေမယ့် အလုပ်မရတဲ့အတွက်ကြောင့် မြန်မာလုပ်သား ၁၀၀နီးပါးဟာ အဲဒီစက်ရုံရှေ့မှာ နိုဝင်ဘာ ၂၀ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး အမျိုးသမီးငယ် နှစ်ဦးကို ပွဲစားခအ​နေနဲ့ အလုပ်သမားတစ်ဦးကို ဘတ် ၃၀၀၀ ကနေ ၇၀၀၀ အထိ ပေးခဲ့ရပေမယ့် အလုပ်လုပ်ဖို့ သွားတဲ့အခါမှာ စက်ရုံအတွင်းကို ဝင်ခွင့်မရခဲ့ဘူးလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။
အဲဒီစက်ရုံမှာ နိုဝင်ဘာလ ၂၀ ရက်ကစပြီး
အလုပ်ဆင်းရမယ်လို့ ပွဲစားက လိမ်လည်ပြီး ငွေကြေးရယူခဲ့တာပါ။ တချို့က ငွေသားနဲ့ ပွဲစားခ ပေးခဲ့ပြီး တချို့က အကောင့်ကနေ ငွေလွှဲခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်လုပ်ဖို့ သွားချိန်မှာ စက်ရုံလုံခြုံရေးဝန်ထမ်းက မြန်မာလုပ်သားတွေကို စက်ရုံအတွင်း ဝင်ခွင့်မပေးခဲ့ဘူးလို​ ့ သိရပါတယ်။ ရဲအရာရှိတွေ စက်ရုံရှေ့ရောက်လာချိန်မှာ စက်ရုံလုံခြုံရေးဝန်ထမ်းက ပွဲစား အမျိုးသမီးငယ် နှစ်ဦးကို ဂိတ်တံခါးဆီ ခေါ်လာပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အမျိုးသမီးတွေက မြန်မာလုပ်သားတွေဆီက ယူထားတဲ့ငွေတွေ ပြန်အမ်းပေးမယ်လို့ ရဲတွေရှေ့မှာ ပြောဆိုကတိပြုခဲ့ပေမယ့် ညပိုင်းအထိ စက်ရုံရှေ့မှာ မြန်မာလုပ်သားတွေ စောင့်ဆိုင်းခဲ့တာတောင် ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။
စက်ရုံမန်နေဂျာကတော့ အဲဒီအမျိုးသမီး နှစ်ဦးဟာ သူ့စက်ရုံဝန်ထမ်းတွေမဟုတ်တဲ့အပြင် မြင်တွေ့ဖူးတာ လုံးဝမရှိဘူးလို့ ဆိုပါတယ်။ စက်ရုံမှာ အလုပ်နေရာ လစ်လပ်တာမျိုး မရှိတာကြောင့် အလုပ်သမားသစ် ခေါ်ယူတာ မရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာလုပ်သားတွေဆီက ငွေလိမ်လည်ယူသွားတဲ့အမျိုးသမီး နှစ်ဦးနဲ့ စက်ရုံလုံခြုံရေးဝန်ထမ်းကို ထိုင်းရဲတွေက စုံစမ်းရှာ​ေဖွနေတယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

Leave a Reply

Your email address will not be published. Required fields are marked *