နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ မြန်မာ ၉ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၀ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ ဒီနေ့ မနက်အစောပိုင်းက မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၂ ဦးအပါအဝင် ၉ ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဒီနေ့မနက် ၄ နာရီလောက်မှာ တာ့ခ်ခရိုင် နယ်စပ်မှာ သူတို့ကို ဖမ်းမိခဲ့တာပါ။
အမျိုးသားတစ်ဦးဆီမှာ မက်သာဖီတမင်းဆေး ၁၄ ပြားကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- Khaosod

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်