နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ ယူဆရတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ ၇၀ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

နိုဝင်ဘာ ၁၉ ရက်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတစ်ခုမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ ယူဆရသူ ကလေးငယ် ၃၀ဦး အပါအဝင်၇၀ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိထားတယ်လို့
နိုဝင်ဘာလ ၁၆ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းရာမှာ မြန်မာနိုင်ငံက လာတဲ့ မူဆလင်တွေဖြစ်ပြီး ထိုင်းကတစ်ဆင့် မလေးရှားနဲ့ အင်ဒိုနီးရှားကို သွားဖို့ လာကြတာလို့ ဖြေတယ်လို့ ဖန်ငရဲအရာရှိက ပြောပါတယ်။
ဖန်ငမြို့တော်၀န်ကတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပေမယ့် မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာ ဟုတ်၊ မဟုတ် စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နဲ့ ပါလာတဲ့ ကလေးငယ်တွေကို လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးဌာနမှာ စောင့်ရှောက်ထားတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်