နိုဝင်ဘာ၁၇၊Migrant Times
ထိုင်းနိုင်ငံမှာ နှစ်စဉ်ပြုလုပ်တဲ့ လွယ်ကထုံ ခေါ် သပိတ်မျှော ရိုးရာပွဲတော်မှာ မြန်မာအလုပ်သမားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖူကက်ခရိုင်ဒေသသတင်းဌာနဖြစ်တဲ့ Phuket Times မှာရေးသားဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့မှာ လူတစ်ဦးရေနစ်နေတယ်လို့ သတင်းရရှိလို့ ဖူကက်ခရိုင်ခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားတဲ့ ထလန်မြို့နယ်၊ ဘန်မလွမ်ကျေးရွာက ရေကန်ကြီးတစ်ခုမှာ ရေငုတ်ကယ်ဆယ်ရေးသမား ၄ ဦးအထိသုံးပြုပြီး ၁၀ မိနစ်ခန့်ကြာအောင်ငုတ်ရှာခဲ့ရတယ်လို့ဆိုပါတယ်။
အလောင်းကိုဆယ်နိုင်ခဲ့ပြီးတဲ့နောက်မှာ စစ်ဆေးတွေ့ရှိချက်အရ အသက် ၃၅ မှ ၄၀ ကြားအရွယ်ရှိတဲ့ မြန်မာအမျိုးသားတစ်ဦးဖြစ်နေတယ်လို့ အတိပြောခဲ့ပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်အရ အဆိုပါသေဆုံးတဲ့မြန်မာအမျိုးသားဟာ မျှောပြီးသား လွယ်ကလုံခေါ် သပိတ်ထဲထည့်ထားတဲ့ ငွေတွေလိုက်ကောက်ရာကနေ ရေမြုတ်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
