နိုဝင်ဘာ ၁၅ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာရွှေ့ပြောင်းလုပ်သားမြန်မာနှစ်ဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေသူ နှစ်ဦးရဲ့ အလောင်းတွေကို မနေ့က နိုဝင်ဘာ ၁၄ရက် မနက်မှာ ရတ်ချာဘူရီမှာရှိတဲ့ ဆွန်ဖွန်ခရိုင်မှာ တွေ့ရှိခဲ့ပါတယ်။ အလောင်းတွေကို ဆွန်ဖွန်က ကျောက်စရစ် လမ်းတစ်ခုမှာ ရှာတွေ့ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သေဆုံးသူတစ်ဦးဟာ အသက် ၄၃နှစ်အရွယ်ကိုအောင်ဆန်းဆိုသူဖြစ်ပြီး ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ ကျည်တစ်ချက်စီ ထိမှန်ထားပါတယ်။
တွေ့ရှိတဲ့အလောင်းမှာ မိုဘိုင်းဖုန်းတစ်လုံး၊ ငွေသားတချို့၊ ရွှေ့ပြောင်းလုပ်သားကတ်၊ ယာဉ်မောင်းလိုင်စင်တွေ ရှိနေခဲ့ပါတယ်။
ကိုက် ၃၀၀လောက် အကွာမှာတော့ နောက်ထပ် အလောင်းတစ်ခု ထပ်တွေ့ခဲ့ပြီး သေဆုံးသူဟာ စောစောဆိုတဲ့ အမျိုးသားလို့ ရဲတွေက နောက်
ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ အခင်းဖြစ်ရာ နေရာမှာ သွေးတွေ အိုင်ထွန်းနေခဲ့ပြီး စောစော ဝတ်ဆင်ခဲ့တာလို့ ယူဆရတဲ့ ဖိနပ်နှစ်ဖက်နဲ့ ကျည်ခွံနှစ်ခုတို့ကို အလောင်းနားမှာ တွေ့ခဲ့ရပါတယ်။
အလောင်းတွေ တွေ့တဲ့ လမ်းဟာ အရမ်းကျဉ်းပြီး ကားတွေ သွားဖို့ အဆင်မပြေဘဲ မော်တော်ဆိုင်
ကယ်တွေသာ အဓိက အသုံးပြုလေ့ ရှိတယ်လို့ ရဲတွေက ပြောပါတယ်။ တရားခံတွေဟာ အဲဒီလမ်းကြောကို ကောင်းကောင်း ရင်းနှီးသူတွေ ဖြစ်လိမ့်မယ်လို့လည်း ရဲတွေက ကနဦး ကောက်ချက်ချထားပါတယ်။
သေဆုံးသူ မြန်မာနှစ်ဦးဟာ ဆမွတ်ဆခွန်မှာ အ
လုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပြီး နိုဝင်ဘာ ၁၃ ရက် ညပိုင်းက တခြား သူငယ်
ချင်း ၄ ဦးနဲ့အတူ နေအိမ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်သူတို့ကိုဆွေမျိုး
သားချင်းတွေက အဆက်အသွယ် လုပ်လို့ မရတော့ဘဲ ဖုန်းလည်း မကိုင်တော့ပါဘူး။
ရဲတွေက အခုလူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်
ဆေးနေဆဲလို့ ပြောပေမယ့် အသေးစိတ် အချက်
အလက်တွေကိုတော့ မှတ်ချက် မပေးသေးပါဘူး။
ကိုးကား-Bangkok Post