နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက် ၄၀၀ ဘတ်ကို လာမယ့်​နှစ်သစ်မှာ တိုးမြှင့်ပေးဖို့ ညှိနှိုင်း

ခွန်သောမတ်စ်
နိုဝင်ဘာ ၁၁ ရက်၊ Migrant Times
လာမယ့် ၂၀၂၅ ခုနှစ် နှစ်ဆန်းမှာ ထိုင်းနိုင်ငံတစ်ဝန်းက
အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ တစ်ရက် ၄၀၀ ဘတ် တိုးမြှင့်ရရှိနိုင်ဖို့ ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
အစိုးရကိုယ်စားလှယ်၊ လုပ်ငန်းရှင် (အလုပ်ရှင်) ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်စတဲ့ ကော်မတီဝင် ၁၅ ဦး ပါဝင်တဲ့ သုံးပွင့်ဆိုင် အစည်းအဝေးကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်ပါတယ်။
ရရှိလာမယ့်သဘောတူချက်​ေတွကို ၀န်ကြီးချုပ်ကို တင်ပြ​ပြီး အနိမ့်ဆုံးတစ်ရက် လုပ်အားခ ၄၀၀ ဘတ်ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးနိုင်ဖို့ လုပ်ဆောင်မယ်လို့ အလုပ်သမားဝန်ကြီး မစ္စတာ Pipat Ratchakitprakarn က ပြောကြားခဲ့ပါတယ်။
ကိုးကား- www.thaipost.net

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်