September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်မှာ မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၈ ရက်၊ နေ့သစ်/Migrant Times
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်မှာ နိုဝင်ဘာလ ၆ ရက်က မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက စမွတ်ပရာကန်ပြည်နယ်၊ Bang Phli ဒေသမှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
တရားမဝင်လာရောက်သူတွေဟာ တရားဝင် နယ်စပ်စစ်ဆေးရေးဂိတ်ကနေ ဝင်ရောက်လာတာမဟုတ်ဘူးလို့ ဖမ်းဆီးခံရသူတွေက ထွက်ဆိုထားပါတယ်။
တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မသင်္ကာဖွယ်ရာတွေ့ရှိရင် သတင်းပို့ဖို့ ထိုင်းရဲတပ်ဖွဲ့က ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာ၁၅ ဦးနဲ့ ကမ္ဘောဒီး ယားနိုင်ငံသား ၁၀ဦးကို တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အမှု့ဖွင့်ထားတယ်လို့လည်း သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- Khaosod News

Leave a Reply

Your email address will not be published. Required fields are marked *